Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​သည် ဇိအုန်​မြို့​ကို အလွန်​ကြင်နာ​၏​။ ပြင်းစွာ​အမျက်ထွက်​သည့်​တိုင်အောင် ကြင်နာ​၏’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​စိတ်​အား​ကြီး​ပြီ။ အ​လွန်​အ​မျက်​ထွက်၍ သူ့​အ​ဖို့ စိတ်​အား​ကြီး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:2
12 ပူးပေါင်းရင်းမြစ်များ  

ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​ကို စစ်တိုက်​သွား​သောအခါ ဒါဝိဒ်​လည်း လိုက်ပါ​ရာ မနာရှေ​အမျိုး​တစ်ချို့​သည် ဒါဝိဒ်​ထံ​ရောက်လာ​ကြ​၏​။ သို့သော် ဖိလိတ္တိ​မင်းကြီး​တို့​က “​သူ​သည် သူ့​သခင်​ရှောလု​မင်းကြီး​နှင့် ပြန်ပေါင်း​ပြီး ငါ​တို့​ခေါင်း​ကို အပ်​ကောင်း​အပ်​လိမ့်မည်​”​ဟု အချင်းချင်း​တိုင်ပင်​ကြ​ပြီး ဒါဝိဒ်​ကို​ပြန်လွှတ်​လိုက်​သဖြင့် ဒါဝိဒ်​သည် သူ​တို့​ကို စစ်ကူ​မ​တိုက်​ဖြစ်​ခဲ့​ဘဲ


ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​ရင်အုပ်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​တော်မူ​၏​။ ခေါင်း​ပေါ်၌ ကယ်တင်​ခြင်း​သံခမောက်​ကို ဆောင်း​တော်မူ​၏​။ လက်စားချေ​ခြင်း​ဝတ်ရုံ​ကို​ဝတ်ဆင်​၍ စိတ်အားထက်သန်​ခြင်း​ဝတ်လုံ​ကို လွှမ်းခြုံ​တော်မူ​၏​။


ကိုယ်တော်​၏​သန့်ရှင်း​သော​၊ ဘုန်းအသရေ​ရှိ​သော ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ ကြည့်​၍ သိမြင်​တော်မူ​ပါ​။ ကိုယ်တော်​၏​စိတ်အားထက်သန်မှု​၊ ကိုယ်တော်​၏​အစွမ်းတန်ခိုး​သည် အဘယ်မှာ​နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အပေါ်​ထားရှိ​သည့် သနားကြင်နာ​ခြင်း​စိတ်​ကို ချုပ်တည်း​တော်မူ​ပြီ​။


ထိုအခါ ထာဝရဘုရား​သည် မိမိ​ပြည်​တော်​အဖို့ စိတ်အားထက်သန်​၍ မိမိ​၏​လူမျိုး​တော်​ကို ညှာတာ​တော်မူ​မည်​။


ထာဝရဘုရား​သည် သဝန်တို​သော​ဘုရား​၊ လက်တုံ့ပြန်​သော​ဘုရား ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လက်တုံ့ပြန်​၏​။ အမျက်​တော်​လည်း ပြင်းထန်​၏​။ ထာဝရဘုရား​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​၏​။ ရန်သူ​တို့​အတွက် အမျက်​တော်​သို​ထား​တော်မူ​၏​။


ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။


တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ပြန်​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ