Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 14:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ယုဒ​အမျိုး​တို့​သည်​လည်း ဂျေရုဆလင်​မြို့​တွင် ပါဝင်​တိုက်ခိုက်​ကြ​၍ ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့​၏​ဥစ္စာပစ္စည်း​များ​ဖြစ်​သော ရွှေ​၊ ငွေ​၊ အဝတ်အစား အမြောက်အမြား​တို့​ကို သိမ်းယူ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ယု​ဒ​အ​မျိုး​သား​တို့​လည်း ယေ​ရု​ရှ​လင်​မြို့၌ တိုက်​ကြ​လိမ့်​မည်။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၏ ဥ​စ္စာ​စည်း​စိမ်​တည်း​ဟူ​သော၊ များ​စွာ​သော ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​စု​ပုံ​လျက် ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 14:14
10 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​မြို့​၏​အကျိုးအမြတ်​နှင့် ဝင်ငွေ​တို့​ကို ထာဝရဘုရား​အား ဆက်ကပ်​ကြ​ရ​မည်​။ စုဆောင်းခွင့်​မ​ရှိ​၊ သိုမှီးခွင့်​မ​ရှိ​။ ထို​မြို့​၏​အကျိုးအမြတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌​နေ​သော​သူ​တို့ ဝဝလင်လင်​စား​ရ​ရန်​နှင့် ကောင်းကောင်းမွန်မွန်​ဝတ်​ရ​ရန်​အတွက် ဖြစ်​လိမ့်မည်​။


“ကြည့်ရှု​လော့​။ ငါ​သည် ဂျေရုဆလင်​မြို့​ကို ပတ်ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့ သောက်​၍​ယစ်မူး​သော​ခွက် ဖြစ်စေ​မည်​။ ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​သည်​လည်း ဝိုင်းထား​ခြင်း​ခံရ​လိမ့်မည်​။


ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​ရောက်လာ​ပြီ​။ ထို​နေ့​တွင် သင်​တိုက်ခိုက်လုယူ​ထား​သော​ပစ္စည်း​တို့​ကို သင့်​ရှေ့​၌​ပင် ခွဲဝေ​ယူ​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ