Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 1:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ အဋ္ဌမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဣဒေါ​၏​မြေး​၊ ဗေရခိ​၏​သား ပရောဖက်​ဇာခရိ​ထံသို့​ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ အ​ဋ္ဌ​မ​လ​တွင်၊ ဣ​ဒေါ​သား ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 1:1
17 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ရပ်ဆိုင်း​လိုက်​ရာ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး နန်းစံ​သည့် ဒုတိယ​နှစ်​တိုင်အောင် ရပ်ဆိုင်း​လေ​၏​။


ပရောဖက်​ဟဂ္ဂဲ​နှင့် ဣဒေါ​၏​သား​ပရောဖက်​ဇာခရိ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​နာမ​တော်​ကို​အမှီပြု​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ ဂျူး​လူမျိုး​တို့​အား ပရောဖက်ပြု​ဟောပြော​လေ​၏​။


ဣဒေါ​အမျိုး​မှ ဇာခရိ​၊ ဂိန္နေသုန်​အမျိုး​မှ မေရှုလံ​၊


ဣဒေါ​၊ ဂိန္နေသုန်​၊ အဘိယ​၊


ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ တစ်ရက်နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​နှင့် ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​တို့​ထံသို့ ရောက်လာ​သည်​မှာ ဤသို့​တည်း​။


ထို​အချိန်​သည် ဒါရိ​မင်းကြီး​နန်းစံ​ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့ ဖြစ်​၏​။


ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရောက်လာ​၍


တစ်ဖန် ဒါရိ​မင်းကြီး နန်းစံ ဒုတိယ​နှစ်​၊ နဝမ​လ​၊ နှစ်ဆယ့်​လေး​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​ထံသို့ ရောက်လာ​၍


ထို​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင်​ပင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟဂ္ဂဲ​ထံ ဒုတိယအကြိမ်​ရောက်လာ​၍


တစ်ဖန် ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ ရှေဗတ်​လ​ဟု​ခေါ်​သော တစ်ဆယ့်တစ်​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဣဒေါ​၏​မြေး​၊ ဗေရခိ​၏​သား ပရောဖက်​ဇာခရိ​ထံသို့​ရောက်လာ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍


ဒါရိ​မင်းကြီး​နန်းစံ​လေး​နှစ်​၊ ခိသလု​လ​ဟု​ခေါ်​သော နဝမ​လ​၊ လေး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ​ဇာခရိ​ထံသို့ ရောက်လာ​ပြန်​၏​။


သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။


မှန်​ပေ​၏။ ဤ​မျိုးဆက်​ထံမှ ထို​သွေး​ကြွေး​ကို​တောင်းယူ​လိမ့်မည်​ဟု ငါ​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ