Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တိတုဩဝါဒစာ 2:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထိုနည်းတူ အသက်ကြီး​သော​အမျိုးသမီး​တို့​အား ဓမ္မဝတ်​နှင့်​ထိုက်တန်​သော​သူ​များ​ကဲ့သို့​ပြုမူ​လျက် ကုန်းချော​တတ်​သော​သူ၊ စပျစ်​ဝိုင်​၏​ကျေးကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်းမြတ်​သော​အရာ​ကို​သင်ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟောပြော​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တိတုဩဝါဒစာ 2:3
13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊


သန့်ရှင်း​သူ​များ​ပြု​သင့်​သည့်​အတိုင်း သခင်​ဘုရား​၌ သူ့​ကို​လက်ခံ​၍ သင်​တို့​ထံမှ သူ​လိုအပ်​သမျှ​သော​အရာ​ကို ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။ အမှန်စင်စစ် သူ​သည် ငါ​ကိုယ်တိုင်​မှစ၍ များစွာ​သော​သူ​တို့​ကို ကူညီ​ခဲ့​သူ​ဖြစ်​၏။


တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။


ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။


ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ


သင်​၏​အစာအိမ်​နှင့် သင်​၌​မကြာခဏ​ဖြစ်​သော နာမကျန်း​ဖြစ်​ခြင်း​တို့​အတွက် ရေ​ကို​သာ​မ​သောက်​တော့​ဘဲ အနည်းငယ်​သော​စပျစ်​ဝိုင်​ကို​လည်း သုံးဆောင်​လော့။


အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ


ထိုအခါ သူ​တို့​သည် ငယ်ရွယ်​သော​အမျိုးသမီး​တို့​အား ခင်ပွန်းသည်​ကို​ချစ်​သော​သူ၊ သားသမီး​များ​ကို​ချစ်​သော​သူ၊


အမှန်စင်စစ် သင်​တို့​သည် အချိန်​ကာလ​အရ ဆရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​၏​အခြေခံ​ကို တစ်စုံတစ်ယောက်​က သင်​တို့​အား အစ​မှ​ပြန်​သင်ပေး​ရန်​လိုအပ်​နေ​၏။ သင်​တို့​၌​လိုအပ်​သည်​မှာ မာ​သော​အစာ​မ​ဟုတ်​ဘဲ နို့ရည်​သာ​ဖြစ်​၏။


သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိကိုယ်ကို​ပရောဖက်မ​ဟု​ခေါ်​သော ထို​မိန်းမ​ယေဇဗေလ​ကို ပြု​လို​ရာ​ပြု​ခွင့်ပေး​ထား​သဖြင့် သူ​သည် ငါ​၏​အစေအပါး​တို့​အား တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​နှင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန် သွန်သင်​လျက် သူ​တို့​ကို​လှည့်ဖြား​နေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ