သီချင်း 2:16 - မြန်မာ့စံမီသမ္မာကျမ်16 “အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16-17 ကျွန်မ၏ချစ်သူကိုကျွန်မပိုင်၍၊ ကျွန်မကိုလည်း ချစ်သူကပိုင်ပါ၏။ သူသည်နံနက်လေပြေတိုက်ခတ်၍ မှောင်မိုက်ပျောက်လွင့်သွားချိန်တိုင်အောင် မိမိ၏သိုးစုအား၊ နှင်းပန်းတောတွင် ကျက်စားစေတော်မူ၏။ ကျွန်မ၏အသဲစွဲချစ်သူအရှင်သခင်သည် သမင်ဖိုကဲ့သို့လည်းကောင်း ဗေသာတောင်ရိုးများပေါ်ကဆတ်ထီးပျို ကဲ့သို့လည်းကောင်း၊ ပြန်ကြွတော်မူပါ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ငါချစ်ရာသခင်ကို ငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။