သီချင်း 1:7 - မြန်မာ့စံမီသမ္မာကျမ်7 အကျွန်ုပ်ချစ်မြတ်နိုးရသောအရှင်၊ သိုးတို့ကို အဘယ်မှာ ထိန်းကျောင်းသနည်း။ မွန်းတည့်သောအခါ အဘယ်မှာလဲလျောင်းနားနေစေသနည်း။ အကျွန်ုပ်ကို ပြောပြပါ။ အဘယ်ကြောင့် အရှင့်မိတ်ဆွေတို့၏ သိုးအုပ်များကြားတွင် အကျွန်ုပ်သည် ပုန်းလျှိုးကွယ်လျှိုးနေရပါမည်နည်း။” အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ကျွန်မ၏ချစ်သူမောင်တော်၊ အရှင်၏သိုးစုအားအဘယ်အရပ်တွင် ထိန်းကျောင်းမည်ကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အဘယ်အရပ်တွင် နားစေမည်ကိုလည်းကောင်း၊ ကျွန်မအားပြောပြပါလော့။ ကျွန်မသည် အဘယ်ကြောင့်အရှင့်အား အခြားသိုးထိန်းတို့၏သိုးစုများတွင် ရှာဖွေရပါမည်နည်း။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ကျွန်မ နှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကို အဘယ်မှာ ထိန်းတော်မူသည်ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌ အဘယ်မှာ အရိပ်ခိုစေတော်မူသည်ကိုလည်းကောင်း ပြတော်မူပါ။ ကျွန်မသည် အခြားတစ်ပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။ အခန်းကိုကြည့်ပါ။ |
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။