Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရုသဝတ္ထု 4:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထာဝရဘုရား​က ဤ​မိန်းမငယ်​အားဖြင့် သင့်​အား​ပေး​တော်မူ​မည့် သင့်​အမျိုးအနွယ်​သည် ယုဒ​နှင့်​တာမာ​မှ​ဆင်းသက်​သော ဖာရက်​အမျိုးအနွယ်​ကဲ့သို့​ဖြစ်​ပါစေသော​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ဤ​အ​မျိုး​သ​မီး​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​သား​သ​မီး​များ​သည် ယု​ဒ နှင့်​တာ​မာ​တို့​၏​သား​ဖာ​ရက်​၏​အိမ်​ထောင် စု​ဝင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 အ​သက်​ပျို​သော ဤ​မိန်း​မ​တွင်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​လ​တ္တံ့​သော မျိုး​စေ့​အား​ဖြင့် သင်၏​အ​မျိုး​အ​နွယ်​သည် ယု​ဒ​မ​ယား​တာ​မာ ဖွား​မြင်​သော ဖာ​ရက်​အ​မျိုး​အ​နွယ်​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရုသဝတ္ထု 4:12
8 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​ကလေး​သည် လက်​ကို​ပြန်ရုပ်​လိုက်​ရာ ကျန်​တစ်​ယောက်​သည် သူ့​ထက်​အလျင်​မွေးလာ​၏​။ ထိုအခါ ဝမ်းဆွဲ​က “​သင်​သည် မရမက​ထိုးဖောက်​ထွက်လာ​ပါ​သည်​တကား​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဖာရက် ဟု​မှည့်ခေါ်​လေ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုံ​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။


ယုဒ​၏​ချွေးမ​တာမာ​သည် ဖာရက်​နှင့်​ဇေရ​တို့​ကို မွေးဖွား​၏​။ ထို့ကြောင့် ယုဒ​တွင် စုစုပေါင်း​သား​ငါး​ယောက် ရှိ​၏​။


သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။


ယုဒ​သည် တာမာ​အားဖြင့် သား​ဖာရက်​နှင့်​ဇာရ​ကို​ရ​၏။ ဖာရက်​သည် သား​ဟေဇရုံ​ကို​ရ​၏။ ဟေဇရုံ​သည် သား​အာရံ​ကို​ရ​၏။


ဖာရက်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​ကား ဤသို့​ဖြစ်​၏​။ ဖာရက်​၏​သား ဟေဇရုံ​၊


ဧလိ​က​လည်း ဧလကာန​နှင့်​သူ့​မယား​အား “​ထာဝရဘုရား​ထံ အပ်နှံ​ထား​သော​ဤ​သား​အစား ထာဝရဘုရား​သည် သင့်​အား ဤ​မိန်းမ​အားဖြင့် သားသမီး​များ ထပ်၍​ပေးသနား​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေးပြီးမှ သူ​တို့​သည်​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ