Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရုသဝတ္ထု 2:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 သူ​၏​အစေအပါး ကောက်ရိတ်သမား​ခေါင်းဆောင်​က “​သူ​သည် နောမိ​နှင့်အတူ မောဘ​ပြည်​မှ​လိုက်လာ​သော မောဘ​အမျိုးသမီး ဖြစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရုသဝတ္ထု 2:6
10 ပူးပေါင်းရင်းမြစ်များ  

အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် သားသမီး​မ​ထွန်းကား​ဘဲ​နေ​ရ​သဖြင့် ဒမတ်စကပ်​မြို့သား​ဧလျေဇာ​သည် အကျွန်ုပ်​၏​အိမ်​ကို​အမွေဆက်ခံသူ​ဖြစ်​ရ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​အား မည်သည့်​အရာ​ကို​ပေး​တော်မူ​မည်နည်း​”​ဟု လျှောက်​လေ​၏​။


အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​အုပ်ထိန်း​ရ​သော​၊ မိမိ​အိမ်​တွင်​အသက်ကြီးဆုံး​ဖြစ်​သော​အစေအပါး​အား “​သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​လော့​။


ထို့ကြောင့် ယောသပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​၍ သခင့်​အား​ခစား​လျက်​နေ​ရ​၏​။ သခင်​သည် မိမိ​အိမ်​ကို​ကြီးကြပ်သူ​အဖြစ် သူ့​အား​ခန့်ထား​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​လက်​၌​အပ်​လေ​၏​။


ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။


မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။


ရုသ​က​လည်း “​အမေ့​ကို ထားခဲ့​ပြီး နောက်​ပြန်လှည့်​သွား​ရန် အကျွန်ုပ်​ကို မ​တိုက်တွန်း​ပါ​နှင့်​။ အမေ​သွား​သည့်​နေရာ​သို့ အကျွန်ုပ်​လိုက်​မည်​။ အမေ​အိပ်​သည့်​နေရာ​တွင် အကျွန်ုပ်​အိပ်​မည်​။ အမေ့​လူမျိုး​သည် အကျွန်ုပ်​လူမျိုး​၊ အမေ့​ဘုရား​သည် အကျွန်ုပ်​ဘုရား ဖြစ်​ပါ​၏​။


သူ​တို့​နှစ်​ယောက် ဗက်လင်​မြို့​သို့ ခရီးဆက်​လာ​ခဲ့​ကြ​၏​။ ဗက်လင်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​မြင်​သည်​နှင့် တစ်မြို့လုံး ပွက်လောရိုက်​သွား​လေ​၏​။ အမျိုးသမီး​တို့​က “​ဤ​သူ​ကား နောမိ​လော​”​ဟု မေးမြန်း​ကြ​၏​။


ဤသို့ဖြင့် နောမိ​သည် သူ​၏​ချွေးမ မောဘ​သမီးပျို​ရုသ​နှင့်အတူ မောဘ​ပြည်​မှ ပြန်လာ​၍ မုယောစပါး​ရိတ်သိမ်း​စ​အချိန်​တွင် ဗက်လင်​မြို့​သို့ ရောက်လာ​ကြ​လေ​၏​။


ဗောဇ​က​လည်း မိမိ​အစေအပါး​ဖြစ်​သည့် အလုပ်သမား​ခေါင်းဆောင်​အား “​ထို​အမျိုးသမီး​သည် အဘယ်ကနည်း​”​ဟု မေး​လျှင်


သူ​က ‘​အကျွန်ုပ် ကောက်သင်းကောက်​ပါရစေ​၊ ကောက်ရိတ်သမား​တို့​နောက်မှ ကျန်​ခဲ့​သော​သီးနှံ​ကို ကောက်သိမ်း​ပါရစေ​’​ဟု လာ​၍​ခွင့်တောင်း​ပြီး မနက်​ကတည်းက ယခု​ချိန်​ထိ ကောက်သင်းကောက်​ပါ​၏​။ ယခုမှသာ တဲ​တွင် ခဏ​နား​နေ​ပါ​သည်​”​ဟု ပြန်ပြောပြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ