Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 8:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဤသည်ကား သွေးသား​ဇာတိ​အလို​အတိုင်း​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်စုံ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​ငါ​တို့​သည်၊ တ​ရား၌​ပါ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 8:4
13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။


ထို့ကြောင့် အရေဖျား​မ​လှီး​သော​သူ​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို စောင့်ထိန်း​လျှင် သူ​၏​အရေဖျား​မ​လှီး​ခြင်း​သည် အရေဖျား​လှီး​ခြင်း​အဖြစ် သတ်မှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်​လော။


သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။


ငါ​တို့​ကို သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သူ​ကဲ့သို့ သတ်မှတ်​သော​သူ​အချို့​တို့​အပေါ် ရဲဝံ့​စွာ​ပြုမူ​ရ​မည်​ဟု ငါ​ယုံကြည်​ခံယူ​ထား​သည့်​အတိုင်း ငါ​ရောက်လာ​သောအခါ ထိုသို့​ရဲဝံ့​ပြတ်သား​စွာ​မ​ပြုမူ​ရ​စေရန် ငါ​တောင်းပန်​၏။


အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် သွေးသား​ဇာတိ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​သည်​မှန်​သော်လည်း သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ တိုက်ပွဲ​ဝင်​ကြ​သည်​မ​ဟုတ်။


ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။


ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။


ကောင်းကင်​ဘုံ​စာရင်း​ဝင်​သော သားဦး​တို့​၏​အသင်းတော်​သို့​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​တရား​စီရင်​တော်မူ​သော ဘုရားသခင်​ထံသို့​လည်းကောင်း၊ စုံလင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ထံသို့​လည်းကောင်း၊


ချစ်​ရ​သော​သူ​တို့၊ ယခု ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ အနာဂတ်​တွင် ငါ​တို့​မည်သို့​ဖြစ်​ကြ​မည်​ကို ထင်ရှား​စွာ​မ​သိ​ရ​သေး​သော်လည်း ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​ကို ပကတိ​အဖြစ်​တော်​အတိုင်း မြင်​ရ​ကြ​မည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။


သင်​တို့​အား မှားယွင်း​ခြင်း​နှင့်​ကင်း​စေရန် စောင့်ရှောက်​နိုင်စွမ်း​ရှိ​တော်မူ​၍ သင်​တို့​ကို အပြစ်​အနာအဆာ​ကင်း​လျက် ရွှင်မြူး​သော​စိတ်​ဖြင့် ဘုန်း​အသရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော


သူ​တို့​၏​နှုတ်​၌ မုသား​မ​ရှိ။ သူ​တို့​သည် အပြစ်​အနာအဆာ​ကင်း​သော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ