ရောမဩဝါဒစာ 8:39 - မြန်မာ့စံမီသမ္မာကျမ်39 အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version39 ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version39 အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။