Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 8:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ဖန်ဆင်း​ခံ​လောက​ကိုယ်တိုင် ပျက်စီး​ခြင်း​၏​အနှောင်အဖွဲ့​မှ လွတ်မြောက်​၍ ဘုရားသခင့်​သားသမီး​များ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော လွတ်လပ်​ခြင်း​သို့​ဝင်စား​ခွင့်​ရ​မည်​ဟူသည့် မျှော်လင့်​ခြင်း​ရှိ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 8:21
8 ပူးပေါင်းရင်းမြစ်များ  

ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။


ဖန်ဆင်း​ခံ​လောက​သည် ဘုရားသခင့်​သား​များ​၏​ထင်ရှား​ခြင်း​ကို အလွန်​တောင့်တ​သော​စိတ်​ဖြင့် စောင့်မျှော်​လျက်​နေ​၏။


ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။


“နောက်တစ်ဖန်”​ဟူသော​စကား​သည် မ​တုန်လှုပ်​နိုင်​သော​အရာ​တို့​ကို​တည်မြဲ​စေရန် ဖန်ဆင်း​ခြင်း​ခံရ​သည့် တုန်လှုပ်​တတ်​သော​အရာ​များ​ကို​ဖယ်ရှား​မည့်​အကြောင်း​ကို ဆိုလို​၏။


သို့သော် ငါ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ဖြောင့်မတ်​ခြင်း​တရား​ကိန်းဝပ်​ရာ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို​စောင့်မျှော်​နေ​ကြ​၏။


ထို့နောက် ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​မြင်​ရ​၏။ အကြောင်းမူကား ပထမ​ကောင်းကင်​နှင့် ပထမ​မြေကြီး​သည် ပျောက်ကွယ်​သွား​၍ ပင်လယ်​သည်​လည်း​မ​ရှိ​တော့​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ