ရောမဩဝါဒစာ 5:10 - မြန်မာ့စံမီသမ္မာကျမ်10 အကြောင်းမူကား ရန်သူဖြစ်လျက်ပင် သားတော်၏အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိခဲ့လျှင် ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိပြီးသောငါတို့သည် သားတော်၏အသက်တော်အားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍မျှော်လင့်စရာရှိ၏။- အခန်းကိုကြည့်ပါ။ |
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။