Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 2:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 မိုက်မဲ​သော​သူ​တို့​ကို​ဆုံးမ​ပဲ့ပြင်​သူ၊ ကလေး​သူငယ်​များ​၏​ဆရာ​ဖြစ်​သည်​ဟု ယုံကြည်​စိတ်ချ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 လူ​မိုက်​တို့​ကို ဆုံး​မ​တတ်​သော​သူ၊ သူ​ငယ်​တို့​ကို နည်း​ပေး​သော​သူ၊ ပ​ညတ်​တ​ရား​တော်​အား​ဖြင့် ပ​ညာ​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း ရိပ်​မိ​သော​သူ​ဖြစ်​သည်​ဟူ၍၊ ကိုယ်​ကို ထင်​မှတ်​တတ်​သည်​မှန်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 2:20
11 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ယေရှု​က“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။


ပညတ်​တရား​အားဖြင့် အသိပညာ​နှင့်​သမ္မာတရား​တို့​၏​အနှစ်သာရ​ကို ရရှိ​ထား​သည်​ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်​တို့​၏​လမ်းပြ၊ အမှောင်​ထဲ၌​နေ​သော​သူ​တို့​အတွက်​အလင်း၊


သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။


သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်လည်း သင်​တို့​ခံယူ​ရရှိ​သော သွန်သင်​ချက်​၏​နည်းဥပဒေသ​ကို စိတ်နှလုံး​နှင့်တကွ​နာခံ​ကြ​သဖြင့်


သို့သော် ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိညာဉ်​သဘော​ရှိ​သော​သူ​များ​ကဲ့သို့ ဟောပြော​၍​မ​ရ​ဘဲ သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​၌ ကလေး​သူငယ်​များ​ကဲ့သို့​လည်းကောင်း ဟောပြော​ရ​၏။


သင်​သည် ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံမှ​ကြားနာ​ရ​သော မှန်ကန်​ပြည့်စုံ​သည့်​တရား​စကား​များ​ကို စံနမူနာ​အဖြစ်​စွဲကိုင်​ထား​လော့။


ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။


သူ​တို့​သည် ဘုရားသခင်​ကို​သိ​သည်​ဟု ဝန်ခံ​ကြ​သော်လည်း သူ​တို့​ပြု​သော​အမှု​များ​အားဖြင့် ဘုရားသခင်​ကို​ငြင်းပယ်​၍ ရွံရှာ​ဖွယ်​ကောင်း​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အမှု​ရှိသမျှ​နှင့်​မ​ထိုက်တန်​သော​သူ​များ​ဖြစ်​ကြ​၏။


နို့ရည်​ကို​သောက်သုံး​နေ​သော​သူ​တိုင်း​သည် ကလေး​သူငယ်​ဖြစ်​သောကြောင့် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း​မ​ရှိ။


ငါ့​ညီအစ်ကို​တို့၊ ဆရာ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပို၍​တင်းကျပ်​သော​တရား​စီရင်​ခြင်း​ကို​ခံရ​မည်​ဖြစ်​ကြောင်း သိမှတ်​လျက် ဆရာ​ဖြစ်​သူ မ​များ​စေ​ကြ​နှင့်။


သခင်​ဘုရား​သည် ကျေးဇူးပြု​တော်မူ​ကြောင်း သင်​တို့​မြည်းစမ်း​ကြ​ပြီ​ဖြစ်၍ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​အားဖြင့် ကယ်တင်​ခြင်း​၌​ကြီးထွား​ရန် မွေးကင်းစ​ကလေးငယ်​များ​ကဲ့သို့ ထို​နို့ရည်​ကို​တောင့်တ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ