Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 15:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 ညီအစ်ကို​တို့၊ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​နှင့် ဝိညာဉ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင်​တို့​အား ငါ​တောင်းပန်​လို​သည်​မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်​က​ငါ​တို့​အား​ပေး​သ​နား​တော်​မူ သော​မေတ္တာ​ကို​အ​ကြောင်း​ပြု​၍ ငါ့​အ​တွက်​ငါ နှင့်​အ​တူ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင်​တို့ အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30-31 ငါ​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​ရာ​သို့ ရောက်၍ သင်​တို့​နှင့်​အ​တူ သက်​သာ​ခြင်း​ကို ခံ​စား​လို​သော​ငှာ၊ ယု​ဒ​ပြည်၌ ငြင်း​ဆန်​သော​သူ​တို့​လက်​မှ ငါ​လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​အား ငါ​လုပ်​ကျွေး​ခြင်း​အ​မှု​ကို သန့်​ရှင်း​သူ​တို့​သည် နှစ်​သက်​မည်​အ​ကြောင်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​တူ ကြိုး​စား​အား​ထုတ်၍ ငါ့​အ​ဖို့​အ​လို​ငှာ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်၏ မေ​တ္တာ​က​ရု​ဏာ​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 15:30
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​နိုင်​ရန် အကျွန်ုပ်​ကို​သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို ညီညာ​သော​မြေပြင်​ပေါ်မှာ ပို့ဆောင်​တော်မူ​ပါစေသော​။


သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။


သို့ဖြစ်၍ ခရစ်တော်​ကြောင့် ငါ​ခံရ​သော အားနည်း​ခြင်း၊ စော်ကား​ခြင်း၊ ခက်ခဲ​ကျပ်တည်း​ခြင်း၊ ညှဉ်းဆဲ​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​ကို ငါ​နှစ်သက်​၏။ အကြောင်းမူကား ငါ​သည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ​၏။


ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။


အကြောင်းမူကား ငါ​တို့​သည် မိမိ​တို့​အကြောင်း​ကို ဟောပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​တို့​ကိုယ်တိုင်​မူကား ယေရှု​အတွက် သင်​တို့​၏​အစေအပါး​များ​ဖြစ်​ကြ​၏။


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်


ဝိညာဉ်​တော်​အားဖြင့်​ဖြစ်လာ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​အား​ပြောပြ​၏။


ငါ​သည် သင်​တို့​နှင့် လောဒိကိ​မြို့​တွင်​ရှိ​သော​သူ​တို့​မှစ၍ ငါ့​ကို လူ​ချင်း​မ​မြင်​ဖူး​သော​သူ​တို့​အတွက် မည်မျှလောက်​ရုန်းကန်​ကြိုးစား​နေ​သည်​ကို သင်​တို့​အား သိ​စေ​လို​ပါ​၏။


ခရစ်တော်​ယေရှု​၏​အစေအပါး​ဖြစ်၍ သင်​တို့​အထဲက​တစ်​ဦး​ဖြစ်​သော ဧပဖြ​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ သင်​တို့​သည် စုံလင်​ရင့်ကျက်​သူ​အဖြစ်​ရပ်တည်​လျက် ဘုရားသခင်​၏​အလို​တော်​ရှိသမျှ​ကို အပြည့်အဝ​ဆောင်ရွက်​နိုင်​မည့်​အကြောင်း သူ​သည် သင်​တို့​အတွက် အစဉ်အမြဲ​ကြိုးစား​၍ ဆုတောင်း​ပေး​လျက်​ရှိ​၏။


ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သခင်​ဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​ဖြစ်​သကဲ့သို့ လျင်မြန်​စွာ​ပျံ့နှံ့​၍ ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​နှင့်


ငါ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို​စီရင်​တော်မူ​မည့် ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​နှင့် ကိုယ်တော်​၏​နိုင်ငံ​တော်​ကို​အကြောင်းပြု​၍ သင့်​အား အလေးအနက်​တိုက်တွန်း​သည်​ကား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ