Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 11:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 အကြောင်းမူကား သူ​တို့​ပစ်ပယ်​ခံရ​ခြင်း​သည် လောကီသား​တို့​အတွက် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်ခံ​ခြင်း​သည် သေလွန်​သော​သူ​တို့​အသက်​ပြန်ရှင်​ခြင်း​ဖြစ်​လိမ့်မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 ထို​သူ​တို့​ကို ပယ်​တော်​မူ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အ​ကြောင်း​ဖြစ်​လျှင်၊ သူ​တို့​ကို သိမ်း​ဆည်း​တော်​မူ​ခြင်း​အ​ရာ​သည် သေ​ခြင်း​မှ ထ​မြောက်​ရှင်​ပြန်​ခြင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 11:15
14 ပူးပေါင်းရင်းမြစ်များ  

အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။


အကြောင်းမူကား ငါ​၏​ဤ​သား​သည် သေဆုံး​ခဲ့​သော်လည်း ပြန်​ရှင်လာ​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ပျော်ပွဲရွှင်ပွဲ​ကို​အစပြု​ကြ​လေ​၏။


သို့သော် သင်​၏​ညီ​သည် သေဆုံး​ခဲ့​သော်လည်း အသက်​ပြန်​ရှင်​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​သည်​ဖြစ်၍ ယခု​ဝမ်းမြောက်​ပျော်ရွှင်​သင့်​၏’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။


စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။


ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။


သို့သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သောအခါ ဘုရားသခင်​ထံ​တော်​မှ​ဇီဝ​အသက်​သည် ထို​သူ​တို့​အထဲသို့​ဝင်​၍ သူ​တို့​သည် မိမိ​တို့​ခြေ​ဖြင့်​မတ်တပ်ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ