ရောမဩဝါဒစာ 1:29 - မြန်မာ့စံမီသမ္မာကျမ်29 သူတို့သည် အလုံးစုံသော မတရားမှု၊ ဆိုးညစ်မှု၊ လောဘလွန်ကျူးမှုနှင့် မကောင်းမှုတို့ဖြင့် ပြည့်ဝလျက်ရှိကြပြီး မလိုမုန်းထားခြင်း၊ လူသတ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စဉ်းလဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြည့်နှက်ကြကာ အတင်းအဖျင်းပြောဆိုသောသူ၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version29 သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version29 သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊- အခန်းကိုကြည့်ပါ။ |
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။