ရောမဩဝါဒစာ 1:1 - မြန်မာ့စံမီသမ္မာကျမ်1 ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 လူဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊- အခန်းကိုကြည့်ပါ။ |
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။