Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 9:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 မြင်း​တို့​၏​အစွမ်း​သည် သူ​တို့​၏​ခံတွင်း​နှင့်​အမြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အမြီး​သည် မြွေ​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​၍ ထို​ဦးခေါင်း​အားဖြင့် လူ​တို့​အား​ဘေးသင့်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 မြင်း​တို့​၏​တန်​ခိုး​စွမ်း​ရည်​သည်​သူ​တို့​၏​ခံ​တွင်း နှင့်​အ​မြီး​တွင်​ရှိ​၏။ သူ​တို့​၏​အ​မြီး​များ​သည် မြွေ​များ​နှင့်​တူ​၏။ ထို​အ​မြီး​များ​တွင်​ဦး​ခေါင်း များ​ပေါက်​လျက်​ယင်း​အ​မြီး​များ​ဖြင့်​လူ​တို့ အား​အန္တ​ရာယ်​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 အ​ကြောင်း​မူ​ကား၊ သူ​တို့​တန်​ခိုး​သည် ခံ​တွင်း၌​လည်း​ကောင်း၊ အ​မြီး၌​လည်း​ကောင်း တည်၏။ အ​မြီး​သည် ခေါင်း​နှင့်​ပြည့်​စုံ၍ မြွေ​နှင့်​တူ၏။ အ​မြီး​အား​ဖြင့် ညှဉ်း​ဆဲ​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 9:19
5 ပူးပေါင်းရင်းမြစ်များ  

ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။


ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ


သူ​တို့​တွင် ကင်းမြီးကောက်​ကဲ့သို့ ဆူး​ပါ​သော​အမြီး​ရှိ​၍ ထို​အမြီး​၌ လူ​တို့​ကို ငါး​လ​တိုင်တိုင်​ဘေးသင့်​စေ​နိုင်​သော​အစွမ်း​ရှိ​၏။


သူ​တို့​၏​ခံတွင်း​ထဲမှ​ထွက်​သည့် မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်းဟူသော ဤ​ဘေးဒဏ်​သုံး​ပါး​တို့​ကြောင့် လူသား​သုံးပုံတစ်ပုံ​သေ​ကြ​၏။


ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ