ဗျာဒိတ် 8:10 - မြန်မာ့စံမီသမ္မာကျမ်10 တတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးရှူးသဖွယ်တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျ၍ မြစ်များ၏သုံးပုံတစ်ပုံအပေါ်နှင့် စမ်းရေတွင်းများအပေါ်သို့ ကျလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 တတိယကောင်းကင်တမန်တံပိုးခရာမှုတ် လိုက်သောအခါ ကြယ်ကြီးတစ်လုံးသည်မီး လျှံထနေသောမီးရှူးတိုင်ကဲ့သို့ ကောင်းကင် မှမြစ်များသုံးပုံတစ်ပုံနှင့်စမ်းပေါက်များ အပေါ်သို့ကျလေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစ်စုသို့လည်းကောင်း၊ စမ်းရေတွင်းသို့လည်းကောင်း ရောက်၏။- အခန်းကိုကြည့်ပါ။ |
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒအမျိုးသားသုံးထောင်တို့သည် ဧတံကျောက်ဂူသို့ သွား၍ရှံဆုန်အား “ဖိလိတ္တိလူမျိုးတို့က ငါတို့အား အုပ်စိုးနေသည်ကို သင် မသိသလော။ ယခု ငါတို့၌ သင်မည်သို့ပြုဘိသနည်း”ဟု ဆိုလျှင် ရှံဆုန်က “ငါ့ကို သူတို့ပြုခဲ့သည့်အတိုင်း ငါပြန်ပြုခြင်းသာ ဖြစ်၏”ဟု ပြန်ပြော၏။