Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 18:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 သူ​တို့​၏​ကုန်ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်​အထည်၊ ပိုးထည်၊ နီမြန်း​သော​အထည်၊ သစ်​မွှေး​အမျိုးမျိုး၊ ဆင်စွယ်​ပစ္စည်း​အမျိုးမျိုး၊ အဖိုးတန်​သော​သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူ​တို့​ဖြင့် ပြုလုပ်​သော​ပစ္စည်း​အမျိုးမျိုး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကား​ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော​ထည်၊ မ​ရမ်း​စေ့​ရောင်​ပိုး ထည်၊ ဖဲ​နီ​ထည်၊ နံ့​သာ​သား​အ​မျိုး​မျိုး၊ ဆင်​စွယ်၊ အ​ဖိုး​တန်​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့ ဖြင့်​ပြု​လုပ်​ထား​သည့်​ပစ္စည်း​အ​မျိုး​မျိုး၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ရွှေ၊​ငွေ၊ ကျောက်​ကောင်း၊ ပု​လဲ၊ ပိတ်​ချော၊ က​တ္တီ​ပါ၊ ဖဲ၊ ပု​ဆိုး​နီ၊ အ​မျိုး​မျိုး​သော သွိန်​သစ်​သား၊ အ​မျိုး​မျိုး​သော ဆင်​စွယ်​တန်​ဆာ၊ အ​မျိုး​မျိုး​သော သစ်​ကောင်း​တန်​ဆာ၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ၊ ကျောက်​ဖြူ တန်​ဆာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 18:12
8 ပူးပေါင်းရင်းမြစ်များ  

ထို့အတူ လက်ဘနွန်​တောင်​မှ သစ်ကတိုးသား​များ​၊ ထင်းရှူးသား​များ​၊ စန္ဒကူးသား​များ​ကို​လည်း ပို့ပေး​ပါ​။ မင်းကြီး​၏​အမှုထမ်း​တို့​သည် လက်ဘနွန်​သစ်​များ​ကို ခုတ်ထွင်​ရာ​၌ ကျွမ်းကျင်​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။ အကျွန်ုပ်​၏​အမှုထမ်း​တို့​ကို မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ အလုပ်လုပ်​စေ​မည်​။


ငွေ​တို့​ကို လုယူ​ကြ​။ ရွှေ​တို့​ကို လုယက်​ကြ​။ အဖိုးမဖြတ်​နိုင်​သော​ရတနာပစ္စည်း​တို့​သည် အတိုင်းမသိ များ​လှ​၏​။


ငါ့​ကို ဝိညာဉ်​တော်​အားဖြင့် တော​ကန္တာရ​ထဲသို့ ခေါ်ဆောင်​သွား​လေ​၏။ ထိုအခါ ခေါင်း​ခုနစ်​လုံး​နှင့်​ဦးချို​ဆယ်​ချောင်း​ရှိ​၍ ဘုရားသခင်​ကို​စော်ကား​သော အမည်​နာမ​များ​ဖြင့်​ပြည့်​နေ​သည့် နီမြန်း​သော​သားရဲ​ပေါ်၌ ထိုင်​နေ​သော​မိန်းမ​တစ်​ယောက်​ကို ငါ​မြင်​ရ​၏။


ထို​မိန်းမ​သည် ခရမ်းရောင်​နှင့် နီမြန်း​သော​အရောင်​တို့​ကို ဝတ်ဆင်​ထား​လျက် ရွှေ၊ ကျောက်မျက်​ရတနာ​နှင့် ပုလဲ​တို့​ဖြင့် တန်ဆာဆင်​ထား​ကာ သူ​၏​လက်​၌ ရွံရှာ​ဖွယ်​ရာ​များ​နှင့် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၏​ညစ်ညူး​သော​အရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။


သူ့​အားဖြင့် ချမ်းသာ​လာ​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​ကုန်ပစ္စည်း​တို့​ကို​ပိုင်ဆိုင်​သော​ကုန်သည်​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ဝမ်းနည်း​ကြေကွဲ​၍ ငိုကြွေး​ကြ​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ