Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 11:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ ဘုရားသခင်​၏​ရှေ့​တော်​၌ မိမိ​တို့​ပလ္လင်​ပေါ်တွင် ထိုင်​နေ​ကြ​သော​သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ဘုရားသခင်​ကို​ပျပ်ဝပ်​ရှိခိုး​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ဘု​ရား​သ​ခင်​ရှေ့​တော်၌ မိ​မိ​တို့​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 11:16
7 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အလုံးစုံ​တို့​ကို​အသစ်​ပြုပြင်​သော​ကာလ​၌ လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ပလ္လင်​ပေါ်တွင်​ထိုင်​သောအခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်ဆယ့်နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။


သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​နှင့် သတ္တဝါ​လေး​ပါး​တို့​သည်​လည်း ပျပ်ဝပ်​လျက် ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​ဘုရားသခင်​ကို​ရှိခိုး​ကာ “အာမင်။ ဟာလေလုယာ”​ဟု ဆို​ကြ​၏။


သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင်


ပလ္လင်​တော်​၏​ပတ်ဝန်းကျင်​၌​ကား အခြား​သော​ပလ္လင်​နှစ်ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်တွင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​ထား​သည့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။


ထိုအခါ သတ္တဝါ​လေး​ပါး​တို့​က “အာမင်”​ဟု ဆို​ကြ​၏။ သက်ကြီးဝါကြီး​တို့​သည်​လည်း ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။


ကောင်းကင်​တမန်​အပေါင်း​တို့​သည် ပလ္လင်​တော်၊ သက်ကြီးဝါကြီး​တို့​နှင့် သတ္တဝါ​လေး​ပါး​တို့​၏​ပတ်လည်​၌ ရပ်​နေ​ကြ​၏။ သူတို့​သည်​လည်း ပလ္လင်​တော်​ရှေ့​၌​ပျပ်ဝပ်​လျက် ဘုရားသခင်​ကို​ရှိခိုး​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ