Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 10:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သတ္တမ​ကောင်းကင်​တမန်​မှုတ်​ရ​မည့် တံပိုးခရာ​မှုတ်​သံ​မြည်​သော​နေ့ရက်​ကာလ​၌ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် မိမိ​အစေအပါး​ပရောဖက်​တို့​အား ပြောကြား​ခဲ့​သည့်​အတိုင်း ပြည့်စုံ​ခြင်း​သို့​ရောက်​လိမ့်မည်”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 10:7
9 ပူးပေါင်းရင်းမြစ်များ  

စင်စစ် ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​အကြံအစည်​တော်​ကို အစေအပါး​ပရောဖက်​တို့​အား မ​ဖွင့်ပြ​ဘဲ မည်သည့်​အမှု​ကို​မျှ ပြု​တော်​မ​မူ​။


ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။


ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး


ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊


ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​အလယ်​၌​ပျံသန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​ကြ​သူ​များ​တည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အသီးသီး​တို့​အား ဟောပြော​ရန် ထာဝရ​တည်​သည့်​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​လာ​၏။


အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​နှုတ်ကပတ်တော်​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ သူ​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ဖြစ်​လျက် မိမိ​တို့​၏​နိုင်ငံ​များ​ကို သားရဲ​ထံ​ပေးအပ်​ခြင်း​အားဖြင့် ဘုရားသခင်​၏​အကြံအစည်​တော်​အတိုင်း ဆောင်ရွက်​မည့်​သဘော​ကို သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ