Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 10:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​ပြီး ကောင်းကင်​နှင့် ကောင်းကင်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ ပင်လယ်​နှင့် ပင်လယ်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း ဖန်ဆင်း​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ “အချိန်​ကာလ​ကြာညောင်း​တော့​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6-7 ဘု​ရား​သ​ခင်၏ ကျွန်​တော်​မျိုး​ပ​ရော​ဖက်​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​သည်၊ ကာ​လ​မ​နှေး​ဘဲ သ​တ္တ​မ​ကောင်း​ကင်​တ​မန် တံ​ပိုး​မှုတ်​ခြင်း အ​သံ​မြည်​သော နေ့​ရက်​ကာ​လ၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​မည်​ဟု ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​ကို​လည်း​ကောင်း၊ အ​ရပ်​ရပ်၌ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဖန်​ဆင်း၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 10:6
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် အာဗြံ​က “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​ထာဝရဘုရား​ထံသို့ အကျွန်ုပ်​လက်​ကို​မြှောက်​၍ တိုင်တည်​ပါ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ခြောက်​ရက်​ပတ်လုံး​ဖန်ဆင်း​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ဥပုသ်နေ့​ကို ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။


ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ကျိန်ဆို​ခဲ့​သည့်​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​မည်​။ ထို​ပြည်​ကို​လည်း သင်​တို့​အား ငါ​အပိုင်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​လူမျိုး​ကို ငါ​ရွေးချယ်​သော​နေ့​တွင် ငါ​သည် ယာကုပ်​အမျိုး​၏​သားစဉ်မြေးဆက်​အား ကတိသစ္စာ​ပြု​ခဲ့​၏​။ အီဂျစ်​ပြည်​၌ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို သိ​စေ​ခဲ့​၏​။ ‘ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု သူ​တို့​အား ကတိသစ္စာ​ပြု​ခဲ့​၏​။


ထိုအခါ မြစ်ရေပြင်​အထက်​တွင်​ရှိ​သော ပိတ်ချောထည်​ဝတ်ဆင်​ထား​သူ​က လက်​နှစ်​ဖက်​ကို ကောင်းကင်​သို့​မြှောက်​၍ “​တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက် ကြာ​လိမ့်မည်​။ သန့်ရှင်း​သူ​တို့​၏​အင်အား​ကို တစ်စစီ​ဖြိုခွဲ​ပြီးမှ ဤ​အံ့ဖွယ်​အမှု​အားလုံး​၏​အဆုံး​သည် ရောက်​လိမ့်မည်​”​ဟု ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။


ထို​ပြည်​ကို သင်​တို့​နေထိုင်​ရာ​ဖြစ်စေ​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ထဲသို့ ယေဖုန္နာ​၏​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​မှလွဲ၍ မည်သူ​မျှ​ဝင်​ရ​လိမ့်မည်​မ​ဟုတ်​။


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။


သို့ဖြစ်၍ ကောင်းကင်​နှင့် ကောင်းကင်​၌​စံမြန်း​သော​သူ​တို့၊ ပျော်ရွှင်​ကြ​လော့။ မြေကြီး​နှင့်​ပင်လယ်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် မာရ်နတ်​သည် သူ​၏​အချိန်​အနည်းငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်းစွာ​သော​ဒေါသ​ဖြင့် သင်​တို့​ထံသို့​ဆင်းလာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


သတ္တမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို အာကာသ​ထဲသို့​သွန်းလောင်း​သောအခါ ဗိမာန်​တော်​ထဲရှိ ပလ္လင်​တော်​မှ ကျယ်လောင်​သော​အသံ​ထွက်ပေါ်​လာ​၍ “အမှု​ပြီးမြောက်​ပြီ”​ဟု ဆို​၏။


တစ်ဖန် “အမှု​ပြီးမြောက်​ပြီ။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ ရေငတ်​သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့​ငါ​ပေး​မည်။


သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင်


“အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။


ထိုသို့ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေးဇူး​တော်​တို့​ကို သတ္တဝါ​လေး​ပါး​တို့​သည် ချီးမွမ်း​ကြ​သောအခါ


ထိုအခါ သူ​တို့​တစ်ဦးစီ​အား ဖြူ​သော​ဝတ်လုံ​ကို​ပေး​တော်မူ​ပြီးလျှင် သူ​တို့​နည်းတူ အသေ​သတ်​ခြင်း​ခံရ​ရန်​ရှိ​သည့် သူ​တို့​၏​အစေအပါး​ချင်း​များ​နှင့် သူ​တို့​ညီအစ်ကို​များ​၏​အရေအတွက် ပြည့်စုံ​သည့်​တိုင်အောင် နောက်ထပ် ခဏ​အနားယူ​ကြ​ရန် သူ​တို့​အား မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ