Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 78:41 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

41 သူ​တို့​သည် ဘုရားသခင်​ကို​အကြိမ်ကြိမ်​စမ်းသပ်​လျက် အစ္စရေး​အမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​စိတ်​တော်​ကို ဆွ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

41 သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အား သွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

41 ဘု​ရား​သ​ခင်​ကို​အ​ဖန်​ဖန်​စုံ​စမ်း၍ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 78:41
11 ပူးပေါင်းရင်းမြစ်များ  

သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။


အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​သည် ထာဝရဘုရား​၏​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​၏​။ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​သည်​လည်း အစ္စရေး​၏​သန့်ရှင်း​သော​အရှင်​၏ ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​၏​။


အပြစ်ပြု​သော​လူမျိုး​၊ အပြစ်​ကြီးလေး​သော​လူစု​၊ ဆိုးညစ်​သော​သူ​တို့​၏​အမျိုးအနွယ်​၊ ဖောက်ပြန်​သော​သားသမီး​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​သွား​ကြ​ပြီ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို မထီလေးစား​ပြု​၍ ကျောခိုင်း​သွား​ကြ​ပြီ​။


အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့်


ထို့ပြင် သူ​တို့​က “​ငါ​တို့​သည် အကြီးအမှူး​တစ်​ဦး​ကို တင်မြှောက်​၍ အီဂျစ်​ပြည်​သို့​ပြန်​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။


သို့သော် ငါ​တို့​၏​ဘိုးဘေး​များ​သည် သူ့​စကား​ကို​နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်ပယ်​၍ သူ​တို့​၏​စိတ်နှလုံး​ထဲ၌ အီဂျစ်​ပြည်​ကို​တမ်းတ​ကာ


သင်​တို့​သည် မဿာ​အရပ်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အကဲစမ်း​သကဲ့သို့ အကဲ​မ​စမ်း​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ