ဆာလံကျမ်း 7:3 - မြန်မာ့စံမီသမ္မာကျမ်3 အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုတို့ကိုပြုခဲ့သည်ဆိုလျှင် တစ်နည်းအားဖြင့် အကျွန်ုပ်လက်၌ မတရားမှုရှိခဲ့သည်ဆိုလျှင်၊ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3-4 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကို ပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊ မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင် သော်လည်းကောင်း အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်လည်းကောင်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
သင်တို့အားလုံးသည် ငါ့ကို ပူးပေါင်းကြံစည်ကြပြီ။ ငါ့သားနှင့်ယေရှဲ၏သားတို့ ကတိသစ္စာပြုကြသည်ကို ငါ့အား မည်သူမျှမပြောပြကြ။ ယခုကဲ့သို့ ငါ့အစေအပါးသည် ငါ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ငါ့သားကိုယ်တိုင် သွေးထိုးပေးသည်ကိုလည်း မည်သူမျှ ငါ့အဖို့ ဝမ်းမနည်းကြ။ ငါ့အား မည်သူမျှမပြောပြကြ”ဟု ဆို၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။