Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 28:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အကျွန်ုပ်​သည် ကိုယ်တော်​ထံ အကူအညီ အော်ဟစ်​တောင်းခံ​သောအခါ​၌​လည်းကောင်း​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​ဗျာဒိတ်ဌာန​ဘက်​သို့ အကျွန်ုပ်​လက်​ကို​မြှောက်​သောအခါ​၌​လည်းကောင်း​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 အ​ကျွန်ုပ်​သည် သန့်​ရှင်း​သော​ဗျာ​ဒိတ်​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ် တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 28:2
21 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထား​ရန် အိမ်​တော်​အတွင်းဆုံးပိုင်း​တွင် သန့်ရှင်းရာဌာန​ကို ပြင်ဆင်​ထား​၏​။


အိမ်​တော်​နံရံ​နှင့်​ကပ်​လျက် အခန်း​များ ပတ်ပတ်လည်​ဆောက်​ထား​၏​။ ထို​အခန်း​များ​ကို အိမ်​တော်​၏​ပင်မဆောင်​နှင့် သန့်ရှင်းရာဌာန​နံရံ​များ​တွင် ပတ်ပတ်လည်​ဆောက်​ထား​၏​။


တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင်


ရှောလမုန်​မင်းကြီး​သည် ဝင်း​တော်​အလယ်​၌ မိမိ​ဆောက်လုပ်​၍​တည်​ထား​သော အလျား​ငါး​တောင်​၊ အနံ​ငါး​တောင်​၊ အမြင့်​သုံး​တောင်​ရှိ​သည့် ကြေးနီ​စင်မြင့်​ပေါ်သို့​တက်​ပြီး အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​၌ ဒူးထောက်​၍ လက်​ကို ကောင်းကင်​သို့​ဖြန့်​လျက်


မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။


သန့်ရှင်းရာဌာန​တော်​ဘက်​သို့ သင်​တို့​၏​လက်​ကို​မြှောက်​၍ ထာဝရဘုရား​ကို​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​သန့်ရှင်း​သော ဗိမာန်တော်​သို့​မျက်နှာမူ​၍ ရှိခိုးကိုးကွယ်​ပါ​မည်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်​သမ္မာတရား​အတွက် နာမ​တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် နာမ​တော်​နှင့်​ကတိ​တော်​တို့​ကို အရာခပ်သိမ်း​တို့​ထက် ချီးမြှောက်​တော်မူ​ပြီ​။


“​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​အား အကျွန်ုပ်​လျှောက်ထား​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ထံသို့ အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သောအခါ အကျွန်ုပ်​၏​အသံ​ကို​စူးစိုက်​နားထောင်​တော်မူ​ပါ​။


အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။


အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။(​စေလာ)


အကျွန်ုပ်​မူကား ကိုယ်တော်​၏ ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကြောင့် ကိုယ်တော်​၏​အိမ်​တော်​သို့​ရောက်​၍ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​စိတ်​ဖြင့် ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ဘက်​သို့ မျက်နှာမူ​လျက် ရှိခိုးကိုးကွယ်​ပါ​မည်​။


သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။


ညဦးယံ​၌ ထ​၍​အော်ဟစ်​လော့​။ ရေ​ကို​သွန်ချ​သကဲ့သို့ သင့်​စိတ်နှလုံး​ကို ဘုရားရှင်​၏​ရှေ့​တော်​၌ ဖွင့်ချ​လော့​။ သင့်​ကလေးသူငယ်​များ​၏​အသက်​အတွက် ကိုယ်တော့်​ထံ​တော်​သို့ သင်​၏​လက်​ကို မြှောက်​လော့​။ သူ​တို့​သည် ငတ်မွတ်​၍ လမ်းဆုံလမ်းခွ​တိုင်း​၌ လဲကျ​ကြ​လေ​ပြီ​။


ထို​အမိန့်စာ​ကို ဒါရိ​မင်းကြီး​လက်မှတ်ရေးထိုး​ကြောင်း ဒံယေလ​ကြားသိ​သော်လည်း သူ​သည် အိမ်​သို့​ပြန်​၍​အပေါ်ထပ် မိမိ​အခန်း​သို့​ဝင်​ကာ ဂျေရုဆလင်​မြို့​ဘက်​သို့​မျက်နှာမူ​ထား​သော ပြတင်းပေါက်​ကို​ဖွင့်​ပြီး ဘုရားသခင်​ရှေ့​တော်​တွင် ယခင်​က​တစ်​နေ့​သုံး​ကြိမ်​ဒူးထောက်​ဆုတောင်း​ခဲ့​သည့်​အတိုင်း ဆုတောင်း​လျက်​ကျေးဇူး​တော်​ကို ချီးမွမ်း​လေ​၏​။


ထိုအခါ လူ​တို့​သည် အုပ်စုလိုက်​ရောက်လာ​၍ ဒံယေလ​သည် မိမိ​ဘုရားသခင်​ရှေ့​တော်​တွင် ဆုတောင်း​အသနားခံ​နေ​သည်​ကို တွေ့​သောအခါ


သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ