ဆာလံကျမ်း 148:14 - မြန်မာ့စံမီသမ္မာကျမ်14 ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ကိုယ်တော်သည်မိမိ၏လူစုတော်၊ မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အား ခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ်တော်မူ၏။ ဟာလေလုယ။ အခန်းကိုကြည့်ပါ။ |
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။