Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 135:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 အို အီဂျစ်​ပြည်​၊ ကိုယ်တော်​သည် နိမိတ်လက္ခဏာ​များ​နှင့်​တန်ခိုးလက္ခဏာ​တို့​ကို သင်​၏​အလယ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​ပြည်​တွင်​ဖာ​ရော​ဘု​ရင်​နှင့် သူ​၏​အ​မှု​ထမ်း​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်​တော် မူ​ရန် ကိုယ်​တော်​သည်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 အို အဲ​ဂု​တ္တု​ပြည်၊ သင်၏​အ​ထဲ​မှာ ဖာ​ရော​မင်း​မှ​စ၍၊ သူ၏​ကျွန်​အ​ပေါင်း​တို့၏​အ​ပေါ်​သို့ လ​က္ခ​ဏာ​သက်​သေ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို စေ​လွှတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 135:9
11 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​အပါအဝင် သူ​၏​အစေအပါး​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆန့်ကျင်​၍ နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ကို ကိုယ်တော်​ပြ​တော်မူ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘိုးဘေး​တို့​အား ဖိနှိပ်ညှဉ်းဆဲ​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​၍ ကိုယ်တော်​သည် နာမ​တော်​ကို ယနေ့​တိုင် ထင်ရှား​စေ​တော်မူ​ပြီ​။


ဖာရော​မင်းကြီး​နှင့်​သူ​၏​တပ်​ကို​မူကား ပင်လယ်​နီ​ထဲ၌ လှဲချ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


ကိုယ်တော်​သည် အီဂျစ်​ပြည်​၊ ဇောန​အရပ်​၌ သူ​တို့​၏​ဘိုးဘေး​များ​ရှေ့​တွင် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​၏​။


သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​ထုတ်ဆောင်​လာ​၍ အီဂျစ်​ပြည်​၌​လည်းကောင်း၊ ပင်လယ်​နီ​၌​လည်းကောင်း၊ အနှစ်​လေးဆယ်​တိုင်တိုင် တော​ကန္တာရ​၌​လည်းကောင်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို​ပြု​ခဲ့​၏။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် ပြု​တော်မူ​သော​အမှု​အပေါင်း​တို့​ကဲ့သို့ မည်သည့်​ဘုရား​တစ်ပါးပါး​က စုံစမ်းမှု​ပြု​လျက်​၊ နိမိတ်လက္ခဏာ​ပြ​လျက်​၊ အံ့ဖွယ်အမှု​ပြု​လျက်​၊ စစ်တိုက်​လျက်​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​ကို​ဆန့်​လျက်​၊ ကြောက်မက်​ဖွယ်​အမှု​ကြီး​များ​ပြု​လျက် မိမိ​အဖို့ လူမျိုး​တစ်​မျိုး​ကို အခြား​လူမျိုး​တစ်မျိုးမျိုး​ထဲမှ သွား​၍​ထုတ်ဆောင်​ရန် ကြိုးပမ်း​ဖူး​သလော​။


ထို​အချိန်​၌ ထာဝရဘုရား​သည် ငါ​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​များ​၊ ကြီးမား​၍ ကြောက်မက်စရာ​ကောင်း​သော အံ့ဩဖွယ်အမှု​များ​ကို အီဂျစ်​ပြည်​အပေါ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​ခဲ့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ