ဆာလံကျမ်း 123:2 - မြန်မာ့စံမီသမ္မာကျမ်2 ကျွန်ယောက်ျားတို့သည် မိမိတို့သခင်၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ ကျွန်မိန်းမသည် မိမိသခင်မ၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ကို သနားတော်မူသည်အထိ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်ကြပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ကျွန်တို့သည် သခင်လက်ကိုလည်းကောင်း၊ ကျွန်မတို့သည် သခင်မလက်ကိုလည်းကောင်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။ အခန်းကိုကြည့်ပါ။ |
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။