Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 121:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 အကယ်စင်စစ် အစ္စရေး​အမျိုး​ကို စောင့်ရှောက်​တော်မူ​သော​အရှင်​သည် ငိုက်မျဉ်း​အိပ်ပျော်​ခြင်း ရှိ​တော်​မ​မူ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​သည် အ​ဘယ်​အ​ခါ​၌​မျှ​ငိုက်​မျည်း​အိပ်​စက်​ခြင်း ရှိ​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​ကို​စောင့်​သော​သူ​သည် ငိုက်​မျဉ်း​အိပ်​ပျော်​ခြင်း ရှိ​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 121:4
7 ပူးပေါင်းရင်းမြစ်များ  

မွန်းတည့်ချိန်​သို့​ရောက်​သောအခါ ဧလိယ​က သူ​တို့​အား “​အသံ​ကျယ်ကျယ်​အော်ခေါ်​ကြ​ပါ​လော့​။ ဗာလ​သည် ဘုရား​မှန်​သည်​မ​ဟုတ်​လော​။ ယခု ဈာန်ဝင်စား​နေ​ကောင်း​နေ​လိမ့်မည်​။ သို့မဟုတ် အလေးအပေါ့ သွား​ကောင်း​သွား​နေ​လိမ့်မည်​။ သို့မဟုတ် ခရီး​လွန်​ကောင်း​လွန်​နေ​လိမ့်မည်​။ သို့မဟုတ် အိပ်ပျော်​ကောင်း​အိပ်ပျော်​နေ​လိမ့်မည်​။ တစ်ယောက်ယောက် သွားနှိုး​ရ​လိမ့်မည်​”​ဟု လှောင်ပြောင်​လေ​၏​။


ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။


ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။


ငါ​သည် ဉာဏ်ပညာ​ကို​သိရှိ​ရန်​လည်းကောင်း​၊ လူ​သည် နေ့​ရော​ည​ပါ​မ​အိပ်​ဘဲ ကမ္ဘာမြေကြီး​ပေါ်တွင်​လုပ်ဆောင်​တတ်​သော​အလုပ်​ကို​တွေ့မြင်​ရန်​လည်းကောင်း ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​သောအခါ


ငါ​ထာဝရဘုရား​သည် ထို​ဥယျာဉ်​ကို စောင့်ရှောက်​၏​။ မကြာခဏ ရေလောင်း​ပေး​၏​။ မည်သူ​မျှ မ​ဖျက်ဆီး​စေရန် နေ့ညမပြတ် စောင့်ရှောက်​၏​။


ထို့ကြောင့် သူ​တို့​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ရှေ့​၌​နေ​၍ ကိုယ်တော်​၏​ဗိမာန်​တော်​တွင် နေ့​ရော​ည​ပါ ကိုယ်တော်​ကို​ဝတ်ပြု​ရ​ကြ​၏။ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​သည်​လည်း သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ