Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာလံကျမ်း 118:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် မင်းအရာရှိ​တို့​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 လူ့​ခေါင်း​ဆောင်​တို့​ကို​ကိုး​စား​သည်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ခြင်း​က​ပို​၍ ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာလံကျမ်း 118:9
8 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ကို မ​မျှော်ကြည့်​၊ ထာဝရဘုရား​ကို မ​ရှာ​ဘဲ အီဂျစ်​ပြည်​၏​မြင်း​များ​၊ များစွာ​သော​စစ်ရထား​၊ အလွန်​အားကြီး​သော​မြင်းစီးသူရဲ​တို့​ကို ကိုးစား​မှီဝဲ​ပြီး အီဂျစ်​ပြည်​သို့​သွား​၍ အကူအညီ​တောင်း​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


“​အဆီးရီးယား​သည် လူ​ဓား​မ​ဟုတ်​သော​ဓား​ဖြင့် ကျဆုံး​လိမ့်မည်​။ လူ​ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဝါးမျို​မည်​။ သူ​သည် ဓားဘေး​မှ​ထွက်ပြေး​ရ​မည်​။ သူ​၏​လူပျို​တို့​သည် အခိုင်းအစေ​ဖြစ်​ကြ​ရ​မည်​။


သူ​တို့​က သင့်​ကို​ကိုင်ဆွဲ​လိုက်​သောအခါ သင်​ကျိုးသွား​သဖြင့် သူ​တို့​၏​ပခုံး​များ​လည်း အနာရ​သွား​၏​။ သင့်​ကို​မှီလိုက်​သောအခါ သင်​ကျိုးသွား​သဖြင့် သူ​တို့​၏​ခါး​လည်း ယိမ်းယိုင်​သွား​ရ​၏’​ဟု မိန့်​တော်မူ​၏​။


သူ​တို့​က “​ငါ​တို့​သည် ထာဝရဘုရား​ကို မ​ကြောက်ရွံ့​ကြ​သောကြောင့် ငါ​တို့​၌ ရှင်ဘုရင်​မ​ရှိ​တော့​ပြီ​။ ရှင်ဘုရင်​ရှိ​လျှင်​လည်း ငါ​တို့​အဖို့ မည်သို့​ပြု​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ