Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သု​တ္တံ 17:28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ဆိုးမိုက်​သော​သူ​ပင် တိတ်ဆိတ်​စွာ​နေ​လျှင် ပညာရှိ​ဟူ၍​လည်းကောင်း​၊ မိမိ​၏​နှုတ်​ကို​ပိတ်​ထား​လျှင် အသိဉာဏ်​ရှိ​သော​သူ​ဟူ၍​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

28 မိုက်​သော​သူ​ပင် တိတ်​ဆိတ်​စွာ​နေ​လျှင် ပ​ညာ​ရှိ​ဟူ၍​လည်း​ကောင်း၊ မိ​မိ​နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​သော​သူ​ကို​လည်း၊ ဉာဏ်​ကောင်း​သော​သူ ဟူ၍​လည်း​ကောင်း သူ​တစ်​ပါး​ထင်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သု​တၱံ 17:28
7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​နှုတ်ဆိတ်​နေ​ကြ​လော့​။ နှုတ်ဆိတ်​နေ​ခြင်း​ကသာ သင်​တို့​ကို ပညာ​ရှိ​ရာ​ရောက်​စေ​လိမ့်မည်​။


သူ​တို့ ဘာမျှ​မ​ပြော​၊ ဘာမျှ​မ​တုံ့ပြန်​နိုင်​ဘဲ ရပ်​နေ​သည်​ကို အကျွန်ုပ်​စောင့်​နေ​ရ​မည်လော​။


ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။


သူတစ်ပါး​နှင့်​မရောနှော​သော​သူ​သည် မိမိ​အလိုဆန္ဒ​ကို​သာ​ရှာကြံ​၍ မှန်ကန်​ပြည့်စုံ​သော​ဉာဏ်ပညာ​ရှိသမျှ​ကို ဆန့်ကျင်​တတ်​၏​။


မိုက်မဲ​သော​သူ​သည် စကား​များစွာ​ပြောဆို​တတ်​၏​။ သို့သော် လူ​သည် မည်သည့်​အရာ​ဖြစ်လာ​မည်​ကို​မ​သိ​ပေ​။ သူ့​နောက်​တွင် ဖြစ်လာ​မည့်​အရာ​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​မည်နည်း​။


မိုက်မဲ​သော​သူ​သည် လမ်း​၌​လျှောက်သွား​စဉ်တွင်​ပင် အသိစိတ်​ကင်းမဲ့​၍ မိမိ​သည်​မိုက်မဲ​သော​သူ​ဖြစ်ကြောင်း လူ​အပေါင်း​တို့​ရှေ့​၌​ဖော်ပြ​တတ်​၏​။


အလုပ်​များပြားခြင်း​အားဖြင့် အိပ်မက်မက်​တတ်​သကဲ့သို့ စကား​များပြားခြင်း​အားဖြင့် မိုက်မဲ​သော​သူ​၏​အသံ​ပါ​တတ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ