Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သု​တ္တံ 15:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ချစ်ခြင်းမေတ္တာ​ရှိ​ရာ​အရပ်​၌ ဟင်းသီးဟင်းရွက်​ကို​စား​ရ​ခြင်း​သည် မုန်းတီး​ခြင်း​ရှိ​ရာ​အရပ်​၌ ဆူဖြိုး​သော​နွား​ကို​စား​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ဆူ​အောင်​ကျွေး​သော နွား​တစ်​ကောင်​လုံး​ကို အ​ချင်း​ချင်း​အ​ငြိုး​ထား​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ချစ်​ခြင်း​မေ​တ္တာ​ပါ​သော ဟင်း​ရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သု​တၱံ 15:17
9 ပူးပေါင်းရင်းမြစ်များ  

တရားသဖြင့်​ရ​သော အမြတ်အစွန်း​အနည်းငယ်​သည် မတရား​သဖြင့်​ရ​သော အမြတ်အစွန်း​များစွာ​ထက် ပို၍​ကောင်း​၏​။


ငြိမ်းချမ်းမှု​နှင့်ယှဉ်တွဲ​လျက်​ရှိ​သော မုန့်​ခြောက်​အနည်းငယ်​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​နှင့်ယှဉ်တွဲ​လျက်​ရှိ​သည့် စားသောက်ဖွယ်​အပြည့်​ရှိ​သော​အိမ်​ထက် ပို၍​ကောင်း​၏​။


စိတ်ဆတ်​၍ ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် နေ​ရ​ခြင်း​ထက် တောကန္တာရ​အရပ်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။


လက်တစ်ဆုပ်စာ​အေးချမ်းမှု​သည် လက်ခုပ်တစ်ခုပ်စာ​ကြိုးပမ်းအားထုတ်မှု​နှင့် လေ​ကို​လိုက်ဖမ်း​ခြင်း​တို့​ထက် ပို၍​ကောင်း​၏​။


တစ်ဖန် သူ​သည် အခြား​သော​အစေအပါး​တို့​အား ‘ငါ​၏​ဧည့်ခံပွဲ​ကို ငါ​ပြင်ဆင်​ထား​ပြီ။ ငါ​၏​နွားလား​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အားလုံး​အဆင်သင့်​ဖြစ်​ပြီ။ မင်္ဂလာဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ၍ မှာကြား​လျက် စေလွှတ်​လေ​၏။


ဆူဖြိုး​သော​နွားသငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်ရွှင်​စွာ​စား​ကြ​စို့။


ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်


ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ