Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဖိ​လေ​မုန် 1:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ငါ​သည် ငါ​၏​ဆုတောင်း​ချက်​များ​ထဲတွင် သင့်​ကို​အစဉ်​သတိရ​လျက် ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4-5 ငါ့​ညီ​ဖိ​လေ​မုန်၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​အား​သင်​ချစ်​ခင်​ပုံ၊ သ​ခင်​ယေ​ရှု​ကို သင်​ယုံ​ကြည်​ပုံ​ကို​ကြား​သိ​ရ​သ​ဖြင့် ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင့်​ကို အ​ကြောင်း​ပြု​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4-5 သင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်၍ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​သည်​ဟု ငါ​သည်​ကြား​လျှင်၊ ငါ၏​ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း၍၊ သင့်​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လေ​မုန် 1:4
8 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ယုံကြည်​ခြင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကျော်ကြား​လျက်​ရှိ​သည်​ဖြစ်၍ ငါ​သည် သင်​တို့​အားလုံး​အတွက် ငါ​၏​ဘုရားသခင်​ကို ယေရှု​ခရစ်တော်​အားဖြင့် ပထမ​ဦးစွာ​ကျေးဇူးတင်​၏။


သင်​တို့​အတွက် အစဉ်မပြတ်​ကျေးဇူး​တော်​ချီးမွမ်း​လျက် ငါ​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ


ငါ​သည် သင်​တို့​ကို​သတိရ​သည့်​အခါ​တိုင်း ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​လျက်


ငါ​တို့​သည် သင်​တို့​အတွက် အစဉ်အမြဲ​ဆုတောင်း​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​၏။


ငါ​တို့​သည် သင်​တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​လျက် ငါ​တို့​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ


ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။


ငါ​သည် နေ့​ရော​ည​ပါ​ဆုတောင်း​သောအခါ သင့်​အကြောင်း​ကို အမြဲမပြတ်​သတိရ​လျက် စင်ကြယ်​သော​အသိစိတ်​ဖြင့် ဘိုးဘေး​တို့​လက်ထက်​က​ပင် ဝတ်ပြု​လာ​ခဲ့​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။


အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​၌ သင်​ထားရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံကြည်​ခြင်း​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ