Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဖိ​လေ​မုန် 1:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် အချုပ်အနှောင်​ခံရ​စဉ် သင့်​ကိုယ်စား ငါ့​ကို​ကူညီ​ဆောင်ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ၌ ခေါ်​ထား​လို​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လေ​မုန် 1:13
8 ပူးပေါင်းရင်းမြစ်များ  

သတေဖနာ၊ ဖော်တုနတ်​နှင့် အခါယကု​တို့​သည် ရောက်လာ​ကြ​သောကြောင့် ငါ​ဝမ်းမြောက်​၏။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​၏​လစ်ဟင်း​မှု​ကို ဖြည့်ဆည်း​ပေး​၍


ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။


ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။


သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ငါ့​ကို​ကူညီ​ထောက်မ​ရာ​၌ လိုအပ်​သည့်​အပိုင်း​ကို​ဖြည့်ဆည်း​ပေး​ရန် သူ​သည် မိမိ​အသက်​ကို​ပဓာန​မ​ထား​ဘဲ ခရစ်တော်​၏​အမှု​တော်​အတွက် သေ​လုနီးပါး​ဖြစ်​ခဲ့​၏။


ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်ဖော်ဆောင်ဖက် ဖိလေမုန်​မှစ၍


အချုပ်အနှောင်​ခံရ​စဉ် ငါ့​သား​ဖြစ်လာ​သော​ဩနေသိမ်​အတွက် သင့်​ကို​တောင်းပန်​ပါ​၏။


သူ့​ကို သင့်​ထံသို့ ငါ​ပြန်​ပို့​လိုက်​၏။ သူ​သည် ငါ​၏​အသည်းနှလုံး​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ