Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 8:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဆီမီးခုံ​ကို ဤသို့​ထုလုပ်​ထား​၏​။ မောရှေ​အား ထာဝရဘုရား​ပြ​ခဲ့​သည့်​ပုံစံ​အတိုင်း ဆီမီးခုံ​ကို ဆီမီးခုံတိုင်​မှစ၍ ပွင့်ဖတ်​အထိ ရွှေ​ဖြင့်​ထုလုပ်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​ပြ​တော်​မူ သော​ပုံ​စံ​အ​တိုင်း မီး​ခုံ​တိုင်​တစ်​ခု​လုံး​ကို အောက်​ခြေ​မှ​အ​ထက်​ထိ​ရွှေ​ဖြင့်​ထု​လုပ် ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 မီး​ခုံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပြ​တော်​မူ​သော​ပုံ​နှင့်​အ​ညီ မီး​ခုံ​တိုင်​မှ​စ၍ ကြာ​ပွင့်​တိုင်​အောင် ရွှေ​ဖြင့်​တစ်​စပ်​တည်း​ထု​လုပ်​သော မီး​ခုံ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 8:4
11 ပူးပေါင်းရင်းမြစ်များ  

ကရုဏာ​တော်​ပလ္လင်​၏​အစွန်း​နှစ်​ဖက်​၌ ခေရုဗိမ်​နှစ်​ပါး​ကို ရွှေ​ဖြင့်​ထုလုပ်​ထား​ရ​မည်​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပုံစံ​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​၏​ပုံစံ​ကို သင့်​အား​ငါ​ပြ​သမျှ​အတိုင်း သင်​တို့​လုပ်​ရ​မည်​။


တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့်​ပုံစံ​အတိုင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ရ​မည်​။


ကရုဏာ​တော်​ပလ္လင်​၏​အစွန်း​နှစ်​ဖက်​၌ ခေရုဗိမ်​နှစ်​ပါး​ကို ရွှေ​ဖြင့်​ထုလုပ်​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​သည် ဆီမီးခုံ​၏​မီးခွက်​များ​ကို ဆီမီးခုံ​၏​အရှေ့​ဘက်​သို့ လှည့်ထား​လေ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


မောရှေ​သည် တဲ​တော်​ကို​ဆောက်လုပ်​မည်​ပြု​စဉ်​က “အလုံးစုံ​တို့​ကို တောင်​ပေါ်တွင် သင့်​အား ငါ​ပြ​ခဲ့​သည့်​စံနမူနာ​အတိုင်း​ပြုလုပ်​ရန် သတိပြု​လော့”​ဟူသော​ဗျာဒိတ်​တော်​ကို​ရ​သည့်​နည်းတူ ထို​သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​များ​၏​နမူနာ​ပုံရိပ်​နှင့်ဆိုင်သော​ဝတ်​ကို ပြု​ကြ​၏။


ထို့ကြောင့် ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​တို့​၏​နမူနာ​များ​ကို အဆိုပါ​အရာ​များ​အားဖြင့် စင်ကြယ်​စေ​ရန်​လိုအပ်​၏။ သို့သော် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​အစစ်​တို့​ကို​မူကား ထို​အရာ​များ​ထက် သာ၍​မြတ်​သော​ယဇ်​အားဖြင့် စင်ကြယ်​စေရန်​လိုအပ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ