Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 7:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ကောဟတ်​သားမြေး​တို့​ကို​မူကား မ​ပေးအပ်​ချေ​။ အကြောင်းမှာ သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တာဝန်ယူ​ရ​၍ ၎င်း​တို့​ကို ပခုံး​ဖြင့် ထမ်း​ရ​သောကြောင့်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​မူ​ကို စောင့်​ရ​သော ကော​ဟတ်​သား​တို့​သည် မိ​မိ​တို့​ပ​ခုံး၌ ထမ်း​ရွက်​ရ​သော​ကြောင့်၊ သူ​တို့​အား ရ​ထား​နှင့်​နွား​တို့​ကို​မ​ပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 7:9
9 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​သူ​တို့​သည် ခြေလှမ်း​ခြောက်​လှမ်း​အရောက်​တွင် နွားထီး​တစ်​ကောင်​နှင့် ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။


ဘုရားသခင်​၏​သေတ္တာ​တော်​ကို လှည်း​အသစ်​ပေါ်တွင်​တင်​ပြီး တောင်ကုန်း​ပေါ်ရှိ​အဘိနဒပ်​အိမ်​မှ သယ်ဆောင်​လာ​ကြ​၏​။ အဘိနဒပ်​၏​သား ဩဇ​နှင့်​အဟိဩ​တို့​သည် ထို​လှည်း​သစ်​ကို​မောင်းနှင်​ပေး​ကြ​၏​။


နာခုန်​ကောက်နယ်တလင်း​သို့ ရောက်လာ​သောအခါ နွား​ခြေချော်​သွား​၍ ဩဇ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို လက်​နှင့်​လှမ်း​ထိန်း​လိုက်​မိ​သောကြောင့်


အစ္စရေး​သက်ကြီးဝါကြီး​အားလုံး ရောက်လာ​သောအခါ ယဇ်ပုရောဟိတ်​တို့​သည် သေတ္တာ​တော်​ကို ပင့်ဆောင်​ကြ​၏​။


ယခင်က သေတ္တာ​တော်​ကို​သယ်ဆောင်​ရာ​တွင် သင်​တို့​မ​ပါ​ခဲ့​၊ ငါ​တို့​လည်း စီရင်ထုံးဖွဲ့ချက်​အတိုင်း မ​မေးလျှောက်​ဘဲ သယ်ဆောင်​ခဲ့​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို ဒဏ်ခတ်​တော်မူ​ခဲ့​ပြီ​”​ဟု မိန့်ဆို​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​ပြင်ဆင်​ထား​သော​နေရာ​သို့ ဘုရားသခင်​၏​သေတ္တာ​တော်​ကို ယူဆောင်​လာ​ရန် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဂျေရုဆလင်​မြို့​သို့ စုဝေး​စေ​၏​။


လေဝိ​အမျိုး​တို့​သည်​လည်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် အမှု​တော်​ထမ်းဆောင်​ရာ​တွင်​သုံး​သော တဲ​တော်​၏​အသုံးအဆောင်​တို့​ကို သယ်ဆောင်​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်ဆို​၏​။


သူ​တို့​သည် သေတ္တာ​၊ စားပွဲ​၊ ဆီမီးခုံ​၊ ယဇ်ပလ္လင်​မှစ၍ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​အသုံးပြု​သည့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ လိုက်ကာ​ကို​လည်းကောင်း​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို​လည်းကောင်း တာဝန်ယူ​ထိန်းသိမ်း​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ