Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 7:88 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

88 မိတ်သဟာယယဇ်​အတွက် တိရစ္ဆာန်​စုစုပေါင်း​မှာ နွားထီး​နှစ်ဆယ့်​လေး​ကောင်​၊ သိုးထီး​အကောင်​ခြောက်ဆယ်​၊ ဆိတ်ထီး​အကောင်​ခြောက်ဆယ်​၊ တစ်နှစ်သားအရွယ်​သိုးသငယ် အကောင်​ခြောက်ဆယ် ဖြစ်​၏​။ ဤသည်ကား ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​ပြီးနောက် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် ပူဇော်သက္ကာ​များ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

88 မိတ်​သ​ဟာ​ယ​ယဇ်​ဖို့​နွား​ပေါင်း နှစ်​ဆယ်​လေး​ကောင်၊ သိုး​ထီး​ခြောက်​ဆယ်၊ ဆိတ်​ထီး​ခြောက်​ဆယ်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခြောက်​ဆယ် ရှိ​သ​တည်း။ ဤ​ရွေ့​ကား၊ ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နောက်၊ အ​နု​မော​ဒ​နာ​ပြု​ဖို့ ဆက်​သော​ပူ​ဇော်​သ​ကာ​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 7:88
5 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိတ်သဟာယယဇ်ကောင်​၏​ကျောရိုး​နှင့်​ဆက်​နေ​သော အမြီးပိုင်း​တစ်ခုလုံး​မှ ခွာယူ​သည့်​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊


မောရှေ​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ပြီး​သော​နေ့​၌ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။ ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်း ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။


ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ခေါင်းဆောင်​တို့​သည် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​၍ မိမိ​တို့​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ကြ​၏​။


ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် အစ္စရေး​ခေါင်းဆောင်​တို့​ယူဆောင်​လာ​သော​ပူဇော်သက္ကာ​မှာ ငွေ​လင်ပန်း တစ်ဆယ့်နှစ်​ခု​၊ ငွေ​ဇလုံ တစ်ဆယ့်နှစ်​လုံး​၊ ရွှေ​ခွက် တစ်ဆယ့်နှစ်​လုံး ဖြစ်​၏​။


မီးရှို့ရာယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်တကွ တိရစ္ဆာန်​စုစုပေါင်း​မှာ နွားထီး​တစ်ဆယ့်နှစ်​ကောင်​၊ သိုးထီး​တစ်ဆယ့်နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်နှစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်ဆယ့်နှစ်​ကောင်​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ