Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 7:86 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

86 နံ့သာပေါင်း​အပြည့်​ပါ​သော​ရွှေ​ခွက် တစ်ဆယ့်နှစ်​လုံး​တွင် တစ်​လုံး​၏​အလေးချိန်​မှာ သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ရှယ်ကယ်​တစ်ဆယ်​ဖြစ်​၏​။ ရွှေ​ခွက်​အားလုံး​၏​အလေးချိန်​မှာ​တစ်ရာ့​နှစ်ဆယ်​ရှယ်ကယ် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

86 မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဇွန်း​ဆယ်​နှစ်​စင်း​အ​ချိန်​ကား အ​ကျပ်​တော်​အ​လိုက် ဆယ်​ကျပ်​စီ​ရှိ၍၊ ရွှေ​ချိန်​ပေါင်း​ကား တစ်​ပိဿာ​နှစ်​ဆယ်​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 7:86
6 ပူးပေါင်းရင်းမြစ်များ  

ခွက်​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် အိမ်​တော်​ပင်မဆောင်​၏​တံခါး​များ​၏​ပတ္တာ​များ​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။


ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် စားပွဲ​အတွက် လင်ပန်း​များ​၊ ခွက်​များ​၊ ကရား​များ​၊ ပန်းကန်လုံး​များ​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။


ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​တိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​အလေးစံနှုန်း​နှင့်အညီ ရှယ်ကယ်​တစ်ဝက်​ပေးဆောင်​ရ​မည်​။ (​တစ်​ရှယ်ကယ်​လျှင် ဂေရ​နှစ်ဆယ်​နှင့်​ညီမျှ​၏​။) ထို​ရှယ်ကယ်​တစ်ဝက်​သည် ထာဝရဘုရား​အဖို့ အလှူပစ္စည်း​ဖြစ်​၏​။


ငွေ​လင်ပန်း​တစ်​ခု​၏​အလေးချိန်​မှာ တစ်ရာ့​သုံးဆယ်​ရှယ်ကယ်​၊ ငွေ​ဇလုံ​တစ်​ခု​၏​အလေးချိန်​မှာ ခုနစ်ဆယ်​ရှယ်ကယ် ရှိ​၏​။ ထို​တန်ဆာပလာ​တို့​၏​အလေးချိန်​ပေါင်း​ကား သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ရှယ်ကယ်​နှစ်ထောင့်​လေး​ရာ​ရှိ​၏​။


မီးရှို့ရာယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်တကွ တိရစ္ဆာန်​စုစုပေါင်း​မှာ နွားထီး​တစ်ဆယ့်နှစ်​ကောင်​၊ သိုးထီး​တစ်ဆယ့်နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်နှစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်ဆယ့်နှစ်​ကောင်​၊


အိမ်​ထဲသို့​ဝင်​၍ မယ်တော်​မာရိ​နှင့်တကွ သူငယ်​တော်​ကို​တွေ့​လျှင် ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်ဗန်​နှင့် မုရန်​တည်းဟူသော လက်ဆောင်​များ​ကို သူငယ်​တော်​အား​ဆက်သ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ