Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 7:84 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

84 ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် အစ္စရေး​ခေါင်းဆောင်​တို့​ယူဆောင်​လာ​သော​ပူဇော်သက္ကာ​မှာ ငွေ​လင်ပန်း တစ်ဆယ့်နှစ်​ခု​၊ ငွေ​ဇလုံ တစ်ဆယ့်နှစ်​လုံး​၊ ရွှေ​ခွက် တစ်ဆယ့်နှစ်​လုံး ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

84-88 ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

84 ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည်၊ ယဇ်​ပ​လ္လင်​ကို ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ဆက်​သော ငွေ​အင်​တုံ​ပေါင်း​ဆယ်​နှစ်​လုံး၊ ငွေ​ဖ​လား​ပေါင်း​ဆယ်​နှစ်​လုံး၊ ရွှေ​ဇွန်း​ပေါင်း​ဆယ်​နှစ်​စင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 7:84
11 ပူးပေါင်းရင်းမြစ်များ  

ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် စားပွဲ​အတွက် လင်ပန်း​များ​၊ ခွက်​များ​၊ ကရား​များ​၊ ပန်းကန်လုံး​များ​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။


မောရှေ​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ပြီး​သော​နေ့​၌ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။ ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်း ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။


ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ခေါင်းဆောင်​တို့​သည် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​၍ မိမိ​တို့​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ကြ​၏​။


မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဧနန်​၏​သား အဟိရ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။


ငွေ​လင်ပန်း​တစ်​ခု​၏​အလေးချိန်​မှာ တစ်ရာ့​သုံးဆယ်​ရှယ်ကယ်​၊ ငွေ​ဇလုံ​တစ်​ခု​၏​အလေးချိန်​မှာ ခုနစ်ဆယ်​ရှယ်ကယ် ရှိ​၏​။ ထို​တန်ဆာပလာ​တို့​၏​အလေးချိန်​ပေါင်း​ကား သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ရှယ်ကယ်​နှစ်ထောင့်​လေး​ရာ​ရှိ​၏​။


ငါ​တို့​တွင် ယဇ်ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်မှ​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ။


မြို့ရိုး​တွင် အုတ်မြစ်​တစ်ဆယ့်နှစ်​ခု​ရှိ​၍ ၎င်း​တို့​ပေါ်၌ သိုးသငယ်​တော်​၏​တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​၏​အမည်​တစ်ဆယ့်နှစ်​ခု​ကို​ရေး​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ