တောလည်ရာ 7:1 - မြန်မာ့စံမီသမ္မာကျမ်1 မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။