Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 6:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ဤသည်ကား နာဇရိ​လူ​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။ နာဇရိ​လူ​သည် မိမိ​တတ်နိုင်​သော​အရာ​အပြင် မိမိကိုယ်မိမိ ထာဝရဘုရား​ထံ ပူဇော်​ရန် ကတိသစ္စာ​ပြု​ထား​သော​သူ​ဖြစ်၍ ကတိသစ္စာ​ပြု​ထား​သည်​နှင့်အညီ နာဇရိ​လူ​ဖြစ်​ခြင်း​နှင့်ဆိုင်သော​တရား​အတိုင်း ပြုကျင့်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ဤ​ပ​ညတ်​များ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့ အ​တွက် ပြ​ဋ္ဌာန်း​ထား​သည့်​ပ​ညတ်​များ​ဖြစ် သည်။ သို့​ရာ​တွင်​လူ​တစ်​ဦး​သည်​နာ​ဇ​ရိ ဂိုဏ်း​ဝင်​ဖြစ်​ရန်​အ​တွက် အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ရန်​လို အပ်​သည်​ထက်​ပို​၍​ပြု​ခဲ့​သော် ထို​အ​ဋ္ဌိ​ဋ္ဌာန် အ​တိုင်း​ဆောင်​ရွက်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 ဤ​ရွေ့​ကား၊ သ​စ္စာ​ပြု​သော​နာ​ဇ​ရိ​လူ​သည် အ​လို​အ​လျောက် တတ်​နိုင်​သ​မျှ​မှ​တစ်​ပါး မိ​မိ​ခြား​နား​ခြင်း​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​သော ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော တ​ရား​ပေ​တည်း။ သ​စ္စာ​ပြု​သည်​အ​တိုင်း ခြား​နား​ခြင်း​တ​ရား​နှင့်​အ​ညီ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 6:21
7 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ သူ​တို့​တတ်နိုင်​သလောက်​ပေးလှူ​ကြ​ရာ​တွင် ရွှေ​ဒင်္ဂါးပြား​ခြောက်သောင်း​တစ်ထောင်​၊ ငွေ​မိနာ့​ငါး​ထောင်​နှင့် ယဇ်ပုရောဟိတ်​ဝတ်စုံ အစုံ​တစ်ရာ​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။


ဤသည်ကား သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သော​တရား ဖြစ်​၏​။ မယား​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​သဖြင့်


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ နာဇရိ​လူ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ကတိသစ္စာ​ပြု​လို​လျှင်


ယဇ်ပုရောဟိတ်​သည် ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။ ၎င်း​တို့​နှင့် ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​၊ အလှူပစ္စည်း​ဖြစ်​သော​ပေါင်​တို့​သည် ယဇ်ပုရောဟိတ်​အဖို့ သန့်ရှင်း​၏​။ ထို့နောက်မှ နာဇရိ​လူ​သည် စပျစ်ဝိုင်​ကို​သောက်​ခွင့်​ရှိ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။


ကောင်း​သော​အမှု​ကို​ပြု​ခြင်း​နှင့် ဝေမျှ​ခြင်း​တို့​ကို​လည်း မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား ထိုသို့သော​ယဇ်​များ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ