Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 4:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ကန့်လန့်ကာ​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖုံးအုပ်​၍ ထို​အပေါ်​၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​ပြီးလျှင် သေတ္တာ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ကု​လား​ကာ​အ​ပေါ်​မှာ တ​ဟာ​ရှ​သား​ရေ​နှင့် အုပ်​ပြန်၍ သား​ရေ​အ​ပေါ်​မှာ​လည်း ပြာ​သော​အ​ထည်​ကို​ခင်း​ပြီး​မှ၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 4:6
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အလျား​နှစ်တောင့်ထွာ​၊ အနံ​တစ်တောင့်ထွာ​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော သေတ္တာ​ကို အကေရှား​သစ်သား​ဖြင့်​လုပ်​၍


သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း​လုပ်​ကြ​စေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သန့်ရှင်းရာတဲ​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​ဖို့ ရက်ထည်​ဝတ်ရုံ​ကို အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​၏​။ အာရုန်​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​လည်း ရက်လုပ်​၏​။


သန့်ရှင်း​ရာ​ဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း မောရှေ​ထံသို့ ယူဆောင်​လာ​ကြ​၏​။


ထို​အဝတ်​ပေါ်တွင် ယဇ်ပလ္လင်​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် မီးကျီးခံဗန်း​၊ ခက်ရင်းခွ​၊ ဂေါ်ပြား​၊ ဇလုံ​စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တင်​ရ​မည်​။ ထို​အရာ​တို့​ပေါ်၌ တဟာရှ​သားရေ​ဖုံး​ကို ဖြန့်ခင်း​ပြီးလျှင် ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။


သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ရွက်ထည်​များ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အမိုး​၊ ထို​အမိုး​ပေါ်​ရှိ တဟာရှ​သားရေ​အမိုး​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​လိုက်ကာ​၊


မောရှေ​သည် ဤ​ပညတ်တရား​တော်​ကို ရေးသား​၍ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​သယ်ဆောင်​သော လေဝိ​အမျိုးသား​ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​အား ပေးအပ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ