Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 4:37 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

37 ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​သော​ကောဟတ်​မျိုးနွယ်စု​များ​၏​အရေအတွက် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

37 ဤ​သူ​တို့​သည်​မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 4:37
7 ပူးပေါင်းရင်းမြစ်များ  

ဤသည်ကား သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​သည် မိမိ​နှင့်​အစ္စရေး​အမျိုးသား​တို့​အကြား မောရှေ​အားဖြင့်​ထားရှိ​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပညတ်တရား​များ​ဖြစ်​၏​။


သို့ဖြစ်၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့် အမိန့်​တော်​အတိုင်း မောရှေ​သည် သူ​တို့​ကို ရေတွက်​လေ​၏​။


ကောဟတ်​မှ အာမရံ​မျိုးနွယ်စု​၊ ဣဇဟာ​မျိုးနွယ်စု​၊ ဟေဗြုန်​မျိုးနွယ်စု​၊ ဩဇေလ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား ကောဟတ်​မျိုးနွယ်စု​များ ဖြစ်​၏​။


သူ​တို့​ကို မျိုးနွယ်စု​အလိုက်​ရေတွက်​ရာ​တွင် လူ​ပေါင်း​နှစ်ထောင်​ခုနစ်​ရာ့​ငါးဆယ် ရှိ​၏​။


ဂေရရှုန်​သားမြေး​တို့​တွင်


အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​၊ ဝန်​များ​ကို​သယ်ဆောင်​ရန်​လာ​ကြ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လူ​အသီးသီး​မိမိ​တို့​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​အလိုက် သူ​တို့​ကို ခန့်အပ်​ထား​၏​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သူ​တို့​ကို ရေတွက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ