36 သူတို့ကို မျိုးနွယ်စုအလိုက်ရေတွက်ရာတွင် လူပေါင်းနှစ်ထောင်ခုနစ်ရာ့ငါးဆယ် ရှိ၏။
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်ထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်သောကောဟတ်မျိုးနွယ်စုများ၏အရေအတွက် ဖြစ်၏။