တောလည်ရာ 4:19 - မြန်မာ့စံမီသမ္မာကျမ်19 သူတို့သည် အထူးသန့်ရှင်းသောအရာတို့အနီးသို့ချဉ်းကပ်သောအခါ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း အာရုန်နှင့်သူ၏သားတို့သည် ထိုသူတို့အသီးသီး လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့ကို လာ၍ချမှတ်ပေးရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည်ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးအသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကိုခွဲခန့်ရမည်။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။