တောလည်ရာ 4:16 - မြန်မာ့စံမီသမ္မာကျမ်16 ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် မီးထွန်းရန်အတွက်ဆီ၊ အမွှေးနံ့သာပေါင်း၊ နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာနှင့် ဘိသိက်ဆီတို့ကို ကြည့်ရှုထိန်းသိမ်းရမည်။ ထို့ပြင် ကိန်းဝပ်တော်မူရာတဲတော်တစ်ခုလုံး၊ ထိုတဲတော်ထဲရှိ သန့်ရှင်းသောအရာနှင့်တန်ဆာပလာရှိသမျှတို့ကို ကြည့်ရှုထိန်းသိမ်းရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ သည်တဲတော်အတွက်လည်းကောင်း၊ မီးခွက် ဆီ၊ နံ့သာပေါင်း၊ ဘောဇဉ်သကာ၊ ဘိသိက် ဆီမှစ၍ထာဝရဘုရားအားဆက်ကပ် ထားသောတဲတော်ပစ္စည်းရှိသမျှကိုလည်း ကောင်းတာဝန်ယူရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာ၏အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီးထွန်းစရာ မီးရှို့ရာနံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်းဆက်ကပ်ရသော ဘောဇဉ်ပူဇော်သကာ၊ လိမ်းရန်ဆီ အစရှိသောတဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရမည်။ အခန်းကိုကြည့်ပါ။ |
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊