တောလည်ရာ 4:14 - မြန်မာ့စံမီသမ္မာကျမ်14 ထိုအဝတ်ပေါ်တွင် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် မီးကျီးခံဗန်း၊ ခက်ရင်းခွ၊ ဂေါ်ပြား၊ ဇလုံစသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို တင်ရမည်။ ထိုအရာတို့ပေါ်၌ တဟာရှသားရေဖုံးကို ဖြန့်ခင်းပြီးလျှင် ယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ထိုအပေါ်တွင်ယဇ်ပလ္လင်နှင့်ဆိုင်သော မီးခံခွက်၊ ချိတ်၊ ဂေါ်ပြား၊ ဖလားစသောအသုံးအဆောင် ပစ္စည်းအားလုံးတို့ကိုတင်ထားရမည်။ ထိုနောက် ပလ္လင်အသုံးအဆောင်ပစ္စည်းများကို နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်၍ထမ်းပိုး များကိုလျှိုထားရမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသောလင်ပန်း၊ အမဲသားချိတ်၊ တူးရွင်းပြား၊ အင်တုံအစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့်အုပ်ပြီးမှ ထမ်းပိုးတို့ကိုလျှိုထားရမည်။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။