Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 36:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 သူ​တို့​သည် အခြား​အစ္စရေး​မျိုးနွယ်​၏​သားမြေး တစ်စုံတစ်ယောက်​နှင့်​စုံဖက်​လျှင် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​အမွေ​ထဲမှ​နုတ်ယူ​၍ သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ကြ​လိမ့်မည်​။ ဤသို့ဖြင့် အကျွန်ုပ်​တို့​၏​အမွေ​ဝေစု​သည် နုတ်ယူ​ခြင်း​ခံရ​ပါ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​တို့​သည်​အ​ခြား အ​နွယ်​ဝင်​အ​မျိုး​သား​တို့​နှင့်​စုံ​ဖက်​လျှင် သူ​တို့ ၏​အ​မွေ​မြေ​သည်​ထို​အ​မျိုး​သား​အ​နွယ်​လက် ထဲ​သို့​ရောက်​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အ​တွက်​ခွဲ ဝေ​ပေး​သော​နယ်​မြေ​သည်​လျော့​နည်း​လာ​ပါ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ထို​မိန်း​မ​တို့​သည် မိ​မိ​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့် စုံ​ဖက်​လျှင်၊ သူ​တို့​အ​မွေ​မြေ​ကို အ​ကျွန်ုပ်​တို့ မိ​ဘ​အ​စဉ်​အ​ဆက်​အ​မွေ​မှ​နုတ်၍ သူ​တို့​ဝင်​သော​အ​မျိုး၏ အ​မွေ​ထဲ၌​ပါ​သွား​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​အ​မွေ​မြေ​သည် လျော့​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 36:3
2 ပူးပေါင်းရင်းမြစ်များ  

“​ဤ​ပြည်​ကို မဲချ​၍ အစ္စရေး​အမျိုးသား​တို့​အား အမွေ​အဖြစ်​ပေး​ရန် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​သခင်​အား မိန့်မှာ​တော်မူ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​၏​ညီ​ဇလောဖဒ်​၏​အမွေ​ကို​လည်း သူ​၏​သမီး​တို့​အား​ပေး​ရန် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​သခင်​အား မိန့်မှာ​တော်မူ​ခဲ့​ပါ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ရွှေရတုနှစ်​ရောက်​သောအခါ သူ​တို့​၏​အမွေ​သည် သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ခြင်း​ဖြင့် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​အမျိုးအနွယ်​၏​အမွေ​ထဲမှ နုတ်ယူ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ