Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 35:21 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ရန်ငြိုး​ထား​၍ လက်သီး​နှင့်​ထိုး​သဖြင့် လူ​သေ​သွား​လျှင်​လည်းကောင်း ထိုသို့​ပြု​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို တွေ့​လျှင် သတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 သေ​စေ​ခြင်း​ငှာ မုန်း​သော​စိတ်​ရှိ၍ လက်​နှင့်​ရိုက်​သော်​လည်း​ကောင်း၊ ထို​သို့​ပြု​သော​သူ​သည် လူ​သတ်​ဖြစ်​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​စား​သေ​စေ​သော​သူ​သည် တွေ့​သော​အ​ခါ​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 35:21
7 ပူးပေါင်းရင်းမြစ်များ  

ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။


အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။


ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ သွေးကြွေးတောင်း​သော​သူ​တို့​သည် လူ့​အသက်​ကို ထပ်၍​မ​သတ်​ကြ​စေရန်​၊ အကျွန်ုပ်​၏​သား​ကို​မ​ဖျက်ဆီး​ကြ​စေရန် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​ကို အောက်မေ့​တော်မူ​ပါ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​သား​၏​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​”​ဟု ပြန်​မိန့်ဆို​၏​။


အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။


သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို​တွေ့​လျှင် သူ​ကိုယ်တိုင်​သတ်​ရ​မည်​။


မုန်းတီးစိတ်​ကြောင့် လူ​ကို​တွန်းချ​၍​ဖြစ်စေ​၊ ချောင်းမြောင်း​လျက် တစ်စုံတစ်ရာ​ဖြင့် လူ​ကို​ပစ်​၍​ဖြစ်စေ ထို​လူ​သေ​သွား​လျှင်​လည်းကောင်း​၊


ရန်ငြိုး​မ​ရှိ​ဘဲ လူ​ကို​အမှတ်မထင်​တွန်းချ​မိ​၍​ဖြစ်စေ​၊ မ​ချောင်းမြောင်း​ဘဲ ပစ္စည်း​တစ်ခုခု​ဖြင့် ပစ်​မိ​၍​ဖြစ်စေ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ